Friday, August 24, 2012

သရုပ်ဆောင်များပြောတဲ့ မြန်မာရုပ်ရှင်နှင့်ဇာတ်လမ်းများ ဈေးကွက်အတွင်း လူကြည့်နည်းလာရခြင်းအကြောင်းအရင်းများ



ဝိုင်း(ဒါရိုက်တာ)

အကုန်လုံးကိုပြုပြင်ရမှာ အခြေခံကအစအကုန်ပြုပြင်ရမှာ။ရုပ်ရှင်တစ်ကားရိုက်မယ်ဆိုရင် အလုပ်လုပ်နိုင်တဲ့လူလိုအပ်တယ်။ ရှုတင်တွေဘာတွေ သွားမယ်ဆိုရင် ရှုတင်မှာ မန်နေဂျာပြောင်းရတယ်။ ဘာလို့လဲဆိုတော့လိုကေးရှင်းတွေက တစ်ခါလာလည်း ဒါပဲ တစ်ခါလာလည်း ဒါပဲဖြစ်နေလို့ရုပ်ရှင်ရိုက်တဲ့အခါကြရင် ကြိုတင်ပြောပြထားရတယ်။တစ်ပတ်နှစ်ပတ်လောက်ကြိုပြောထားမှ အဆင်ပြေတာ။

နောက်တစ်ခုက မင်းသား မင်းသမီးတွေ ပိုက်ဆံယူပြီး ယူသလောက်အလုပ်မလုပ်ဘူး။ သူတို့တွေလဲ ခရိုနီပဲ။မင်းသားမင်းသမီးတွေရဲ့ အကျင့်စရိုက်က ပိုက်ဆံရရင် ရသလောက် အလုပ်မလုပ်ကြဘူး။ အဲဒါတွေပါပြင်ရမယ်။ အခွင့်ထူးခံလူတန်းစားမို့လို့ ဒါကိုလည်းခရိုနီလို့ပြောလို့ရတယ်။ ပိုက်ဆံလဲလိုချင်တယ် ၊မင်္ဂလာဆောင်ပွဲလဲတက်ပြီးသီချင်းဆိုချင်တယ်၊ သူများအသုဘလည်း သွားချင်တယ်။အဲလိုမျိုးတွေများနေတယ်။ ပြည်သူတွေဘက်က ပိုက်ဆံနှစ်ရာနဲ့ အခွေကြည့်ရတယ်ဆိုပေမယ့် အကျိုးမရှိတဲ့ကားတွေပဲကြည့်နေရတယ်။

ဦးထွန်းထွန်းဝင်း(ရုပ်ရှင်သရုပ်ဆောင်)

Sky Net  တို့  MRTV-4  တို့က အလကားဈေးနဲ့ရနေတော့ ပိုက်ဆံပေးပြီးတော့မြန်မာကားတွေကို လူတွေက မကြည့်ကြတော့ဘူး။ တစ်သိန်းလောက်နဲ့ ပြပြီးကြည့်ကြတော့ အလကားနီးပါးရနေတော့ လူတွေကမကြည့်ကြတော့ဘူး။သတင်းစာ အဟောင်းကို   ပြန်ရောင်းနေရသလိုပဲ။ ဒီကား တွေကိုပဲ လှိုင်လှိုင်ကြည့်ကြတော့ ကားသစ်တွေအပေါ်မှာ အကြည့်နည်း သွားတယ်။မြန်မာဇာတ်ကားတွေနဲ့ပ တ်သတ်ပြီး ပြုပြင်စရာက စည်းကမ်းနဲ့ဘောင်နဲ့လုပ်ရတာဆိုတော့(ဥပမာ- အရက်သောက်တဲ့ အခန်းဆိုရင် တကယ့်အရက်သောက်ပြလို့မရဘူး။ တစ်ခြားနိုင်ငံတွေမှာဆိုရင် ရတယ်)ဆင်ဆာဖြတ်မယ်လို့ထင် တဲ့ဇာတ်လမ်းမျိုး အခန်းမျိုးတွေဆိုရင် မရိုက်ကြတော့ဘူး။ ဇာတ်လမ်းဖွဲ့လို့မရဘူး။ အဲဒီ့တော့ ဇာတ်လမ်းတွေ ရိုက်တဲ့ အခါမှာ ချစ်၊ ကြိုက်၊ ကွဲ၊ ညားဇာတ်လမ်းတွေပဲရိုက်တော့ တယ်။ဘောင်တစ်ခုတ ည်းမှာအလုပ်လုပ်ရတော့ အကျင့်ပါနေတယ်။ ပြီးတော့ နယ်တွေ မှာကရာသီဥတုဘေးတွေ ဘာတွေနဲ့ဒုက္ခရောက်နေကြတဲ့လူတွေလဲရှိတော့သူတို့ဒုက္ခနဲ့သူတို့ဆိုတော့ ဒီဘက်အပိုင်းကို မလှည့်နိုင်ကြဘူးလေ။

ဂေါ်ဇီလာ(လူရွှင်တော်)

မြန်မာကားတွေအကြည့်နည်းရတဲ့အကြောင်းအရင်းက တီဗီတွေမှာ မြဝတီတို့ ၊ Sky Netတို့  MRTV-4 တို့ရှိတယ်။ နောက်ပိုင်းမှာ Free TV Channel တွေရော၊ပိုက်ဆံပေးကြည့်ရတဲ့ Channel တွေရော အများကြီးပေါ်လာတယ်။ ပေါ်လာတဲ့အခါကျတော့လူတွေက Channel တွေမှာ အာရုံစိုက်လာကြတော့ ဇာတ်ကားကြည့်တဲ့ဘက်မှာအားနည်းလာကြတယ်။ ပိုက်ဆံပေးပြီး အခွေဌားမကြည့်ချင်ကြတော့ဘူး။ ပြိးတော့ ဗမာဇာတ်လမ်းတွေက အတိုချုပ်ပြီး ရိုက်လာတော့ လိုရင်းမရောက်တာလဲ ပါတာပေါ့။တခါလာလည်းဒီဟာ၊ တစ်ခါလာလည်းဒီဟာဆိုတော့ ပရိတ်သတ် ရိုးအီသွားတာလည်းပါပါတယ်။ တကယ်တမ်းလိုအပ်ချက်က ငွေရေးကြေးရေးပြည့်ပြည့်စုံစုံနဲ့ ကားလေးတွေကို စိတ်ကူးစိတ်သန်း ကောင်းကောင်းလေးတွေနဲ့ ရိုက်သင့်ပါတယ်။

ပြီးတော့ အခုက ဈေးကွက်လည်းမရှိဘူး။ ပျက်လာပြီ။ အဓိကကတော့လူတွေအားလုံးလိုလိုက Channel တွေကြည့် လာတဲ့အတွက်၊ ဗမာဇာတ်လမ်းတွေလူကြည့်များလာဖို့ဆိုရင် ဇာတ်ကားကောင်းလေးေ တွ ရွေးရိုက်ဖို့ လိုလာပါတယ်။


ကင်းကောင်(ဟာသ သရုပ်ဆောင်)

မြန်မာကားတွေကိုပြုပြင်ဖို့ဆိုရင် (က)ကနေ(အ)အထိပြင်မှရမယ်။ ပညာမျိုးစုံလေ့လာဖို့လိုတယ် နည်းပညာပိုင်းတွေလဲ လိုအပ်တယ်။ မြန်မာဇာတ်ကားတွေအကြည့်နည်းတယ်ဆိုတာက ရိုက်နေတဲ့ကားေ တွအကု န်လုံးက ချစ်၊ ကြိုက်၊ကွဲ၊ ညားတွေချည်းပဲ။ ဗဟုသုတရစေမယ့် ဇာတ်ကား မျိုး တွေ မရှိဘူး။

နိုင်ငံတကာနဲ့နှိုင်းယှဉ်ရမယ်ဆိုရင် ပြည်ပကဇာတ်ကားတွေက နည်းပညာပိုင်းအရရောစက်ကရိယာပိုင်းတွေ ကုန်ကျစရိတ်တွေက အစအကုန်ခံနိုင်တော့ဇာတ် ကားကောင်းကော င်းတွေထွက် တာပေါ့။ မြန်မာဇာတ်ကားတွေမှာကြတော့ကုန်ကျစရိတ်လဲသူတို့လောက်မတတ်နိုင်ဘူး။ နည်းပညာပိုင်းမှာလည်း အားနည်းတော့ ဇာတ်ကားကောင်းကောင်း မထွက်နိုင်ဘူးပေါ့။ အဲဒါကြောင့်မို့လူကြည့်နည်းလာကြတာပါ။

ထွန်းအိန္ဒြာဗို (ရုပ်ရှင်သရုပ်ဆောင်)

မြန်မာရုပ်ရှင်အကြောင်းပြောရရင် ပြောစရာကတော့ အကြောင်းအမျိုးမျိုးနဲ့ အကျိုးအမျိုးမျိုးနဲ့ ပြောရမယ် ဆိုရင်တော့ အများကြီးပဲ ၊ အချိန်ပေးပြီး ပြောမှရမယ်။
ကျော်ဇင်မန်း၊ ယမင်း(မြစ်မခ)

From- မြစ်မခ

No comments:

Post a Comment