Wednesday, August 15, 2012

မိုးသီးဇွန်နှင့် အမေးအဖြေ


* ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြန် လာမယ်လို့ ပြောခဲ့ပါတယ်။ မှန်ပါ သလားရှင်၊ မှန်တယ်ဆိုရင် ဘယ်အချိန် လောက် မှန်းပါသလဲ။
-အခု သမ္မတကြီးရဲ့ခွင့်ပြုချက်အရ ဒီ ဩဂုတ်လကုန်မှာ ငြိမ်းချမ်းရေးမစ်ရှင် အဖြစ် ကျွန်တော်အပါအ၀င် အဖွဲ့ဝင် ခုနစ်ဦး လာဖြစ်ပါ မယ်။ မီးရထား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောတာကတော့ သမ္မတကြီးကလည်း ခွင့်ပြုလို့ ဘယ်လို condition မှ မရှိဘဲ ကတိခံဝန်ချက်တွေ စည်းကမ်းတွေ လုပ်စရာမလိုခဲ့ဘဲ လာခွင့်ရတာဖြစ်ပါတယ်။ လာတဲ့အခါမှာ တိုင်းပြည်ငြိမ်းချမ်းရေး တည်ဆောက် ဖို့အတွက် စီးပွားရေး ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါမယ်။ 



* ပြန်လာမယ်ဆိုရင် လက်ရှိအစိုးရက အရင်လိုမဟုတ်ဘဲ ဖိတ်ခေါ်တဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ။
ကျွန်တော် ပြန်လာနိုင်ဖို့ကတော့ လက်ရှိအစိုးရက ဘယ်လောက် စိတ် သဘောထား ပြောင်းလဲလာသလဲဆိုတဲ့ အပေါ်မှာ မူတည်ပါ တယ်။ မတူတဲ့ အင်အားစုတွေနဲ့ လက် တွဲလုပ်တာ၊ မတူတဲ့အမြင်တွေကို နားထောင်နိုင်စွမ်း ဘယ်လောက်ရှိသလဲ ဆိုတဲ့အပေါ်မှာ မူ တည်ပါတယ်။
* အခုနောက်ပိုင်း ABSDF ခေါင်းဆောင်ဟောင်းတွေလည်း ပြည်တော်ပြန်ဝင်လာ ကြပြီဆိုတော့ သူတို့ကို ဘယ်လိုမြင် ပါသလဲရှင့်။
ပြန်တဲ့သူတွေရှိပါတယ်။ တချို့လည်း ကျွန်တော်တို့နဲ့ ဒီမိုကရေစီရရှိရေး အပေါ်မှာ ယုံကြ ည် ချက်ခြ င်း တူေ ပမ ယ့် လက်ရှိအခြေအနေအပေါ်မှာ အမြင်နဲ့ ချဉ်းကပ်ပုံတွေတော့ ခြားနားမှုရှိလာ တယ်။ ကျွန်တော်တို့ဟာ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ရှာဖွေနေကြသူတွေ၊ ကြိုးပ မ်းနြေ ကသူတွေ ဖြစ်တယ်။ ဒါ ကြောင့် ကြိုးပမ်းမှု ရှိရ မ ယ်။ သူတို့ကို ဘယ် လိုမြင်သလဲဆိုတဲ့ ခင်ဗျားရဲ့မေး ခွန်းကို ဖြေရရင် သူတို့ဟာ ကြိုးပမ်းေ ဆာင် ရွက် နေသူတွေလို့ ပြောရမယ်။ အမှန်တရား တစ်ခုလို့ ပြောလို့မရသေးဘူး။
* အန်တီစုနဲ့ ဆက်သွယ်ခဲ့တာ ရှိပါ သလား၊ ဆက်သွယ်ဖို့ရော ရှိပါ သလား။
ဒေါ်စုနဲ့ တိုက်ရိုက်အဆက်သွယ်မရှိပါ။ မီဒီယာတွေကနေတစ်ဆင့် ဆက်သွယ်မှုသာ ရှိပါတယ်။
* မြန်မာနိုင်ငံ ဒီမိုကရေစီ ကြိုးပမ်းမှု ကို အားရကျေနပ်မှုရှိတယ်လို့ ပြော နိုင်ပါသလား။ ဘယ်လိုအချက်တွေ ကို ထောက်ပြပြောဆိုလိုပါသလဲ။
မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းမှုကို အားရကျေနပ်မှု ရှိပါတယ်။ အာဏာရှင် စနစ်နဲ့ သွားလို့မရတော့ဘူး။ ဒီမိုကရေစီ စနစ်မှသာ ရှင်သန် တော့မယ်ဆိုတဲ့ အသိ တရားက တစ်မျိုးသားလုံးစိတ်မှာ ခိုင်မြဲ လာကြပြီ။ ဒါကြောင့် အားရကျေနပ် တယ်။လူတွေ ပိုပြီး ပါဝင်လာကြတယ်။ ခေါင်းဆောင်တွေ ပေါ်ပေါက်လာတယ်။ လှုမှုရေးနိုးကြားမှုတွေဖြစ်လာတယ်။ အပြောင်းလဲတွေဟာ အချိန်ယူရပါ တယ်။ အလွယ်တကူရလေ့မရှိပါ။ ဒီမို ကရေစီဟာ ပင်မရေစီးဖြစ်လာတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ လွတ် လပ်မှု၊ တရားမျှတမှု၊ တန်းတူ အခွင့်အရေးရှိမှု၊ အပြန်အလှန် လေးစား မှုတွေဟာ လူသားအားလုံး၊ ဘာသာ တရားအားလုံးနဲ့ ကိုက် ညီမှုလိုက်လျောညီေ ထွဖြစ်မှုဆိုတာကို လူသားမျိုးနွယ် တွေအားလုံးကပါ လက်ခံလာတဲ့အ ချက်ဖြစ်တယ်။ ဒီမိုကရေစီဆိုတာအနောက် တိုင်းတန်ဖိုးတစ်ခုတည်းမဟုတ်၊ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုး (Universal value) အဖြစ် လက်ခံလာကြတယ်။ အာရပ် ကမ္ဘာရဲ့ လှုပ်ရှားမှု တွေက သက်သေခံ လာတယ်။ ဒါကြောင့် မြန်မာပြည်ဟာ သီးခြားရပ်တည်နေလို့ မရတော့ဘဲ နိုင်ငံတကာ ဒီမိုကရေစီရေး လှုပ်ရှားမှု ကြီးရဲ့ အစိတ်အပိုင်း ဖြစ်လာနေတယ်။ ဒါကြောင့် မြန်မာပြည်ဟာ ဒီမိုကရေစီရမယ်။ အပြောင်းလဲသဘာဝအရ အချိန် တစ်ခု တော့ယူ ကြရတဲ့ သဘောရှိ တယ်။
* တကယ်လို့ ပြည်တွင်းပြန်ဝင်လာတဲ့ အခါ အစ်ကိုအလုပ်ချင်ဆုံး အလုပ် ကို ပြောပါဆိုရင် ဘာဖြစ်မလဲ။
လွတ်လပ်မှု (Freedom) အကြောင်း ကို ပြောချင်တယ်။
* အစ်ကိုတို့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ ဘာတွေဖြစ်မလဲ။
ရှေ လုပ်ငန်းစဉ်က ဒီမိုကရေစီအတွေး အခေါ်၊ ဒီမိုကရေစီယဉ်ကျေးမှုတွေ ပြန့်ပွားအောင်လုပ်ဆောင်မယ်။ ဒီမိုကရက်တစ်အသင်း အပင်းတွေ များလာ အောင် လုပ်မယ်။ ဒီမိုကရက်တွေများလာအောင်လုပ်မယ်။
* လက်ရှိ နယ်စပ်မှာ မြန်မာနိုင်ငံ အတွက် အကျိုးရှိနိုင်မယ့် ဘယ်လို လုပ်ငန်းတွေလုပ်နေတာ ရှိပါ သလဲ။
နယ်စပ်မှာ ကျွန်တော်အဓိက လုပ်နေ တာကတော့ မြန်မာတွေနဲ့ တိုင်း ရင်းသား တွေနားလည် မှုရအောင်၊ မြန်မာအခြေ အနေကို နိုင်ငံ တကာသိအောင် ပိုလုပ်နေပါတယ်။ ပညာရေးနဲ့ သင်တန်းတွေ ကို လည်း လုပ်ပေးဖြစ်ပါတယ်။
* သမ္မတကြီးနဲ့ အစိုးရအဖွဲ့ကို ပွင့်ပွင့် လင်းလင်း ဘာတွေပြောချင်တာ ရှိပါ သလဲ။
မြန်မာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးရှိမှ လူတိုင်းလူတိုင်း လိုချင်တာတွေ အားလုံးရမယ်။ မြန်မာ့သမိုင်းဟာ နှစ်တစ်ထောင် ကျော်ရုံမျှသာ ရှိပါ သေးတယ်။ မက်ဆိုပိုတေးနီးယန်း၊ ဂရိ၊ ခရစ်ယန်၊ ဟင်ဒီနဲ့ ကွန်ဖြူးရှပ် ယဉ်ကျေးမှု တွေနဲ့ နှိုင်းစာရင် သိပ်ကိုနုလှ တယ်။ ဒါပေမယ့် ပြည်တွင်းစစ်ကတော့ နှစ် တစ်ထောင်တိုင်ခဲ့ပြီ။ မြန်မာသမိုင်းဟာ ပြည်တွင်းစစ်သမိုင်းဖြစ်နေတာ အကျဉ်း တန်လှ တယ်။ အနော်ရထာကနေ အလောင်းဘုရားခေတ်အထိက တိုင်း ရင်းသားတွေနဲ့ဖြစ်နေတဲ့ စစ်ပွဲတွေဖြစ် နေတယ်။ ဒါတွေကို သမိုင်း မှာ တခမ်း တနား သင်နေတာ ရှက်စရာကောင်း တယ်။ စစ်ရောမ၊ မွန်ဂို၊ အော်တိုမန်နဲ့  ဗြတိသျှ အင်ပါယာတွေကို နောက်ဆုံးကျဆုံး သွားစေခဲ့တာဟာ စစ်ပွဲတွေကြောင့်ဖြစ် ပါတယ်။ အင်ပါယာတွေ တည်ဆောက် နိုင်ခဲ့တဲ့အချိန်တွေက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုတွေကို ဦးစားပေးလုပ်ခဲ့ကြတဲ့ အချိန်တွေမှာပဲ ဖြစ်ခဲ့ကြတယ်။ အမေရိကန်နဲ့ လက်တွဲပါ။ တရုတ်နဲ့ နားလည်မှု တည်ဆောက်ပါ။ ပြည်တွင်း မှာ ပညာရှင်တွေ မရှိသလောက်ဖြစ် သွားပြီ။ နိုင်ငံတကာရောက် မြန်မာ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေကို လွတ် လပ်စွာ ပြန်ခွင့်၊ လုပ်ပိုင် ခွင့်တွေ ပေး လိုက်ပါ။

From -မြန်မာ့တိုင်းမ်

No comments:

Post a Comment