ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ရှိ
တိရစ္ဆာန်ရုံ တစ်ခုတွင် ကျားတစ်ကောင် သည် လှောင်အိမ်ထဲမှ လွတ်မြောက်လာကာ
တိရစ္ဆာန်ရုံဝန်ထမ်း အမျိုး သမီး တစ်ဦးအား ကိုက်သတ်ခဲ့ကြောင်း သိရသည်။
အသက်(၄၃)နှစ်ရှိ အမျိုးသမီးကို ကျားထီးကြီးက တိုက်ခိုက်နေချိန်တွင်
တုန်လှုပ်ြေ ခာက်ခြားနေသည့် လာရောက်လည်ပတ်သူများသည် ရုတ်တရက် အကူအညီ
မပေးနိုင်ခဲ့ကြချေ။
ကိုက်အနည်းငယ်မျှ အကွာရှိ ဧည့်သည် များထံသို့ ကျားကြီး၏ အာရုံ
ပြောင်းလဲမလာခင် တိရစ္ဆာန်ရုံ၏ အကြီး အကဲဖြစ်သူ သီအိုပါဂဲလ်က ပစ်သတ်ခဲ့ရသည်။
ရဲများက ကျားလှောင်အိမ် တံခါးကို အသေအချာ ပိတ်မထားခဲ့သည့်
ပေါ့လျော့မှုကြောင့် ယခုအနိဋ္ဌာရုံ ဖြစ်ပွား ခဲ့ခြင်း ဟု ပြောကြားခဲ့သည်။
ကိုလုံးတိရစ္ဆာန်ရုံကို (၁၈၆၀)ပြည့်နှစ် ကတည်းက ဖွင့်လှစ်ထားပြီး ဂျာမနီတွင်
သက်တမ်းအရှည်ကြာဆုံး တိရစ္ဆာန်ရုံ တစ်ခုဟုလည်း ဖြစ်သည်။ ပစ်သတ်ခံရသော
ကျားသည် အသက်(၄)နှစ်ရှိပြီး ဆိုက်ဘေးရီးယား ကျားမျိုးဟုလည်း သိရှိရသည်။
No comments:
Post a Comment