Monday, August 13, 2012

ကုန်းလမ်းပို့ဆောင်ရေးမှ ဘတ်စကား ၃ဝဝဝ တင်သွင်းမည်

From-  မြ၀တီ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးဌာနနှင့် တိုကျိုအခြေစိုက် ဂျပန်ကားကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး အဝေးပြေးယာဉ်များနှင့် အများပြည်သူသုံး မော်တော်ယာဉ် (ဘတ်စကား) ၃ဝဝဝ ခန့် တင်သွင်း မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ကားကုမ္ပဏီနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရာတွင် ကုန်းလမ်း ပို့ဆောင် ရေးက အကျိုးခံစားခွင့် ၄ဝ ရာခိုင်နှုန်းနှင့် ဂျပန်ကုမ္ပဏီက ၆ဝ ရာခိုင်နှုန်းရရှိ မည်ဖြစ်သည်။
တင်သွင်းလာသော မော်တော်ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေးဌာနက တာဝန်ယူဆောင်ရွက်လျက် ရှိသော ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာန၏ လမ်းညွှန် မှုဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး အခြားသက်ဆိုင်သည့် အဖွဲ့အစည်းဖြစ်သော မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီနှင့်လည်း ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးမှ သိရသည်။

No comments:

Post a Comment