တရုတ်နိုင်ငံမှာ နှစ်စဉ် ထောင်ပေါင်းများစွာသော သူတွေဟာ
အပြစ်ပေးခံရလို့ဖြစ်စေ၊ နိုင်ငံရေးရည်ရွယ် ချက်နဲ့ဖြစ်စေ သူတို့ ဆန္ဒမပါဘဲနဲ့
စိတ္တဇဆေးရုံတွေကို ပို့ဆောင်ခံနေရတယ်လို့ အစီရင်ခံစာတစောင်မှာ
ဖော်ပြထားပါတယ်။စိတ္တဇဝေဒနာသည်လို့ စွပ်စွဲပြီး ဆေးရုံ အပို့ခံရသူတွေဟာ - အတင်းအကြပ်
ဆေးကုခံရတာမျိုး၊ အကြမ်းဖက်ခံရတာမျိုး ဒါ့အပြင် လျှပ်စစ်နဲ့
လျှော့ရိုက်တာလိုမျိုးတွေ မကြာ ခဏ အလုပ်ခံရတယ်လို့
တရုတ်နိုင်ငံသားတွေဟာ သူတို့ရဲ့ ဘ၀ရပ်တည်ရေးအတွက် ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ မိသားစုဝင်တွေ၊ အလုပ်ရှင်တွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေကနေပြီးတော့ စိတ်ဖောက်ပြန်တယ်လို့ စွပ်စွဲခံရတဲ့အခါတွေမှာ အချိန်အကန့်အသတ်မရှိ ပျောက်သွားတတ်ကြတယ် လို့လည်း တရုတ်နိုင်ငံအခြေစိုက် NGO အဖွဲ့တဖွဲ့က ပြောပါတယ်။
ဒါ့အပြင် အစိုးရအာဏာပိုင်တွေဟာ - လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ သူတို့နဲ့ သဘောထားကွဲလွဲသူ တွေနဲ့ ပြဿနာလုပ်သူတွေလို့ အမြင်ခံရသူတွေကို ဖမ်းဆီးပြီးရင် ဒီစနစ်ကို မကြာခဏ သုံးတတ်ကြတယ်လို့လည်း ပြောဆိုထားပါတယ်
From-VOA
No comments:
Post a Comment