ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်ရှိ အမှတ် (၁၅)၊(၁၆)၊(၁၇) ရပ်ကွက်တို့၌ ရေဘေးသင့်အိမ် ထောင်စုများ ထံသို့ ရေဘေး ကယ်ဆယ်ရေး ပစ္စည်း
ထောက်ပံ့ပေးအပ်ပွဲကိုသြဂုတ် ၇ ရက် မွန်းလွဲ ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ရပ်ကွက်များရှိ ယာယီကယ်ဆယ်ရေးစခန်းတို့၌ မြို့နယ် ဥယျာဉ်မှူး
ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (GARD ENER Community Based
Organization) မှ ဦးဆောင်၍ ကလေးသူငယ်စောင့် ရှောက်ရေးအဖွဲ့ (Save the
Chil- dren)နှင့် ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့
ပူးပေါင်းပြီး အမှတ်(၁၅)၊ (၁၆)၊(၁၇) ရပ်ကွက်တို့၌ရေဘေး သင့်အိမ်ထောင်စု ၃ဝ၈
စု၊ လူဦးရေ ၁၃ဝဝ ဦးတို့အား ဆင်သုံးကောင်တံဆိပ် ယိုးဒယားပိုက် မြက်ဖျာ
၃ဝ၈ ချပ်နှင့် ကလေးခြုံစောင် အလတ်အထည် ၁၅ဝ တို့ကိုထောက်ပံ့ ပေးအပ်ပြီး
အားပေးစကား ပြောကြား ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment