Saturday, August 11, 2012

အီရန်နိုင်ငံသည် ပစ်မှတ်တိကျသည့်ဒုံးပျံနှင့်ရေယာဉ်ပျံသစ်များကို ထုတ်လုပ်သွားမည်ဟုဆို

From- မြ၀တီ

အီရန်နိုင်ငံသည် ပစ်မှတ်ကို တိကျစွာ ထိမှန်သည့်ဒုံးပျံနှင့် လက်နက်တပ်ဆင်နိုင်သည့် ရေယာဉ်ပျံသစ်များ (Armed Flying Boats)ကို ပြည်တွင်း၌မကြာမီစတင်ထုတ်လုပ်သွား မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဘာဟီဒီက ဇူလိုင်လ ၂၅ ရက်နေ့ တွင် ပြောကြားခဲ့ ပါသည်။
သို့ရာတွင် အဆိုပါ ဒုံးပျံနှင့် ရေယာဉ်ပျံသစ်များ ထုတ်လုပ် မည့် အချိန်ကာလ၊ သို့မဟုတ် အခြေခံအချက်အလက်များနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်ဘာဟီဒီက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း၊ ရုရှားနိုင်ငံက အီရန်နှင့်ချုပ်ဆိုထားသော S-300 မြေပြင်မှဝေဟင်ပစ် ဒုံးပျံစနစ်များရောင်းချပေးရေး သဘောတူညီချက်ကိုဖျက်သိမ်းခဲ့ချိန်မှစ၍ အီရန်နိုင်ငံသည် ကာကွယ်ရေး ကဏ္ဍတွင် ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေးနှင့် အရေးပါသောလက်နက် စနစ်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်လာခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် အီရန်နိုင်ငံသည် အဆိုပါ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်အား ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်း ရှိကြောင်း အခိုင်အမာပြောကြား ခဲ့ပါသည်။

No comments:

Post a Comment