နယူးဒေလီ(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်မှ လူမျိုးရေး
ပဋိပက္ခများ အတွင်း ရိုဟင်ဂျာ မူဆလင် များ သေ ဆုံးခဲ့ရမှုနှင့် ပတ်သက်၍
လေးနက်စွာ စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်သမ္မတ Asif Ali Zardari က
မြန်မာသမ္မတ ဦးသိန်းစိန်ထံ အင်္ဂါနေ့က စာရေးသား ပေးပို့လိုက်သည်။သမ္မတ Zardari ၏ စာထဲတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား မြန်မြန်ထက်ထက် ဆောင်ရွက်ရန်တောင်းဆိုထားပြီး
သို့မှသာ ရိုဟင်ဂျာများ ၎င်းတို့ နေအိမ်များသို့ ပြန်သွားကာ
လုံခြုံစိတ်ချရ သည့်ဘဝသို့ ရောက်ရှိစေ မည်ဟု ပါရှိကြောင်း ပါကစ္စတန် အေပီ
သတင်း တပုဒ်တွင် ဖော်ပြထားသည်။
ပါကစ္စတန် အစိုးရနှင့် ပြည်သူများအနေဖြင့် မူဆလင်များ သေဆုံးကြရမှုအပေါ် များစွာ ကြေကွဲရပြီး အတိဒုက္ခရောက်မှု များ အတွက်လည်း နက်ရှိုင်းစွာ စိုးရိမ်ပူပန်လျက် ရှိကြကြောင်းလည်း Zardari က ဆိုသည်။
ထို့အပြင် လူမှုအသိုက်အဝန်းများ ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းကသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
နောက်ကြောင်းမပြန်ရန် အာမခံပေးနိုင်မည်ဖြစ်ကြောင်းလည်း ပါကစ္စတန် သမ္မတက ဦးသိန်းစိန်ထံ စာရေးသားပေးပို့ လိုက်သည်။
ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများအတွင်း မူဆလင် အများအပြား သေဆုံးသွားရကြောင်း သတင်းများကြောင့် ပါကစ္စတန်ရှိ လက်ျာ နိုင်ငံရေးပါတီများ၊ ဘာသာရေး အခြေခံအဖွဲ့များက ၎င်းတို့အစိုးရအား အရေးတယူ ဆောင်ရွက် ပါရန် တောင်းဆိုမှုများ ရှိနေသည်။ ထို့အပြင် ပါကစ္စတန်အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့တခုဖြစ်သည့် (TTP)ကလည်း မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးအား ပိတ်ရန်နှင့် နှစ်နိုင်ငံ အဆက်အသွယ်များ
ဖြတ်တောက်ရန် Zardari အစိုးရအား တောင်းဆိုထားပြီး သို့မဟုတ်ပါက လက်တုန့်ပြန် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု မြန်မာအစိုးရအား ခြိမ်းခြောက်မှုများ ရှိနေသည်။

ကဲ ဒီလောက်ဝိုင်းစွတ်စွဲနေကြတာ မထူးတော့ဘူး။ လာချင်တဲ့နိုင်ငံ လာခဲ့တော့ကွာ။ဒါဟာဗုဒ္ဓဘာသာ ကျဆုံးအောင် တမင်လီဆယ်ပြီး ဝိုင်းအပုပ်ချ ဖိအားပေးမှုတွေနဲ့ ဇာတ်လမ်းဆင် အစပျိုးကြတာပဲ။ သာသနာ့အရောင် အရှည်ထွန်းပြောင် တည်တန့်စေဖို့ လိုအပ်လာရင် ကျုပ်တို့လူငယ်အားလုံး စစ်မှုထမ်းပြီး မိစ္ဆာဝါဒီတွေကို အပြင်းထန်ဆုံး တုံ့ပြန်ချေမှုန်းကြပါစို့။
ReplyDeleteပဲခူးတိုင်း တောင်ငူမြို့နယ် ဆိတ်ဖူးတောင်အုပ်စု သပြေလှရွာအတွင်းရှိ ဘုရားကျောင်းကန် ဘုန်းတော်ကြီးကျောင်း
ReplyDeleteများ အ ထ က စာသင်ကျောင်း သက်ကြီးရွယ်အိုများအား ဆူညံသံ ဖုံခိုးများဖြင့်နှောက်ယှက်နေသော ကျောက်ခွဲ
စက်ကြီးများကို ရွာအပြင်ရွှေ့ပျောင်းပေးဖို့ ညွှန်းကြားပေနိုင်ရန် နိုင်ငံတော်သမ္မတရုံးအားတင်ပြအပ်ပါသည်။
အောက်ခြေတင်ပြသော်လည်း၊ မထူးခြားပါသဖြင့် အထက်သို့---
ရပ်ရွာသာယာဝပြော စံပြကျေးရွာဖြစ်စေလိုသူ................