Wednesday, August 29, 2012

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် တင်းမာသည့် မူဝါဒသဘောထားများ ရီပတ်ဘလီကန်တို့ ထုတ်ဖော်

လာမည့် နိုဝင်ဘာလဆန်းပိုင်း၌ ကျင်းပရန်ရှိသည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက် သမ္မတအိုဘားမား၏ ဒီမိုကရက်တစ်ပါတီအပေါ် အနိုင်ရရှိရေးအတွက် သဘောထားတင်းမာမှုရှိသည့် မူဝါဒများကို ရီပတ်ဘလီကန်ပါတီက သြဂုတ်လ ၂၈ ရက်နေ့တွင်ကျင်းပသည့် ပါတီ၏ အမျိုးသားညီလာခံ၌ ထုတ်ဖော်လိုက်ကြောင်း ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။ 

လက်ရှိ ဒီမိုကရက်တစ် သမ္မတ အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြုပြင်ပြောင်းလဲရေးကို ရုပ်သိမ်းပစ် မည်ဖြစ်ပြီး ပဋိသန္ဓေဖျက်ချမှုပိတ်ပင်ရေး၊ သေနတ်ထိန်းချုပ်မှုပယ်ဖျက်ရေး၊ အမျိုးသားလုံခြုံေ ရးမြှင့်တင်ရေး အစရှိသည်တို့ကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရီပတ်ဘလီကန်ပါတီက အမေရိ ကန်ပြည်သူများ ကို ကတိကဝတ်ပြုပြောကြားသည်။ "အမေရိကန် အိပ်မက်သည် အန္တရာယ်ရှိနေပြီ" ဟု ရီပတ်ဘလီ ကန်ပါတီက ထုတ်ဖော်ပြောဆိုပြီး လက်ရှိအစိုးရ၏လည်ပတ်လုပ်ကိုင်နေမှုများ၊ ဘတ်ဂျတ် သုံးစွဲမှုများ၊ အခွန်ကောက်ခံမှုနှင့် ထိန်းချုပ်မှုများ အစရှိသည့်လုပ်ငန်းစဉ်များ တွင် လေးနက်သော အပြောင်းအလဲများပြုလုပ်ကာ အသစ်ကစတင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ရီပတ်ဘလီကန်ပါတီ၏ အဖွဲ့ဝင် ၁၁၀ ဦးပါဝင်သော မူဝါဒရေးရာကော်မတီ အကြီးအကဲနှင့် ဗာဂျီးနီးယာြး ပည်နယ် အုပ်ချုပ်ရေးမှူး ဘော့ဘ်မက်ကော်နဲလ်က လက်ရှိအိုဘားမားအစိုးရက ဦးတည်လုပ်ကိုင် လျက်ရှိေ သာ မူဝါဒများသည် “အလုပ်အကိုင်မရှိသောအလုပ်သမားများ၊ စုဆောင်းငွေမရှိသော မိသားစုများနှင့် မျှော်လင့်ချက်မရှိသော လူနေမှုဝန်းကျင်များ” ဖြစ်လာအောင် ဖန်တီးလျက်ရှိ သည်ဟု ဝေဖန်ပြောဆိုသည်။ ထို့ပြင် သမ္မတအိုဘားမား၏ နာမည်ကျော် ကျန်းမာရေးစော င့်ရှောက်မှုစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဖျက်သိမ်းပြီး တိုးတက်ကောင်းမွန်မှုရှိသည့် ကျန်းမာေ ရးစောင့်ရှောက်မှုစနစ်၊ ချိုသာသောစရိတ်စက နှင့် လွတ်လပ်သောဈေးကွက်ဖြစ်ပေါ်စေပြီး စားသုံးသူတို့ ပိုမိုရွေးချယ်ခွင့်ရှိမည့် စနစ် အစရှိသည်တို့အပေါ် အခြေခံသည့် အစီအစဉ်တစ်ရပ် ကို ဖော်ထုတ်မည်ဖြစ်ကြောင်း ရီပတ်ဘလီကန်ပါတီက သံန္နိဋ္ဌာန်ပြုလိုက်သည်။

ထို့ပြင် ပါတီ၏ ရည်ရှည်ရပ်တည်ချက်သဘောထားများဖြစ်သော လိင်တူထိမ်းမြားလက်ထပ်မှုဆန့်ကျင်ရေး၊ ပဋိသန္ဓေဖျက်ချမှုတားမြစ်ရေးတို့ကို ထပ်မံထုတ်ဖော်ပြောဆိုသလို ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် ရန်ပုံငွေ သို့မဟုတ် စရိတ်စိုက်ထုတ်ပေးမှုတို့ကို ကန့်ကွက်ပြောဆိုသည်။ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့၏ ပြိုင်ဘက်နိုင်ငံများနှင့်ပတ်သက်၍ အားနည်းမှုရှိသော ရပ်တည်ချက်များနှင့် စစ်ရေးအသုံး စရိတ်လျှော့ချမှုများ အစရှိသည်တို့ကိုလည်း ရီပတ်ဘလီကန်ပါတီက ယင်းညီလာခံတွင် ဝေဖ န်ပြော ဆိုသည်။

No comments:

Post a Comment