Monday, August 6, 2012

၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ် စတင်

  From -Eleven Media Group
၈၈ မျိုးဆက် ကျောင်းသား များ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်ကို သြဂုတ်လ ၆ရက်နေ့ နံနက်ပိုင်းက စတင်၍ ထွက်ခွာ ခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီး စဉ်တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအ၀င် အဖွဲ့ဝင် ၅၀ ၀န်းကျင်ခန့် သွားရောက် ခဲ့ကြကြောင်း သိရသည်။အဆိုပါ ခရီးစဉ်တွင် မန္တလေးမြို့တွင် သြဂုတ်လ ၈ရက် နေ့တွင် ပြုလုပ်မည့် ၈ လေးလုံး အရေးတော်ပုံ ငွေရတု အကြို ၀ါဆို သင်္ကန်းကပ် လှူပွဲသို့ စတင် ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး မန္တလေးမြို့မှ တဆင့် မြစ်သားမြို့နယ်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်းတောင်းမြို့များနှင့် ရှမ်းပြည်နယ် နောင်ခမ်းမြို့များသို့ အဖွဲ့နှစ်ဖွဲ့ ခွဲကာ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။



ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ကိုမင်းဇေယျာ ဦးဆောင်သည့် အဖွဲ့ဝင် ၅ဦးမှ သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့မှ လေကြောင်းလိုင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်းသိရ သည်။


သြဂုတ်လ ၉ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ ဦးဆောင်သော အဖွဲ့ဝင် ၁၂ဦးသည် မြစ်သားမြို့သို့ စတင်ထွက်ခွာပြီး ထိုမှတဆင့် မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်းတောင်းမြို့များသို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ် သွားရောက်မည်ဖြစ်သည်။


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သည့် အဖွဲ့ဝင် ၁၀ ဦးတို့သည် ရှမ်းပြည်နယ် နောင်ခမ်းသို့ ၅ ရက်ကြာ ခရီးစဉ်သွားရောက် မည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း အကျဉ်းထောင်အသီးသီးမှ လွတ်မြောက် လာသူများအား စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘ၀အခက်အခဲများ ဖြေရှင်းနိုင်ရန် စွမ်းရည်မြင့်တင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment