Saturday, August 25, 2012

အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မည်

ရန်ကုန်မြို့မှ အမှိုက်စို၊အမှိုက်  ခြောက်ခွဲခြားစွန့်ပစ်၍ ထွက်ရှိ လာသော အမှိုက်အစိုတန်ချိန်  ခြောက်ရာဖြင့် နေ့စဉ်လျှပ်စစ်ဓာတ်  အားထုတ်ရန် စီစဉ်နေကြောင်း  မြို့တော်စည်ပင်သာယာရေး ကော်  မတီမှသိရသည်။

““အဲဒီအမှိုက်တွေကို မီးရှို့ပြီး လျှပ်စစ်ထုတ်ဖို့ဂျပန်နိုင်ငံ တိုကျို  မြို့အခြေစိုက်  Nedo အဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်သွားမယ် ””ဟု ကော်မတီ ၏ပတ်ဝန်း ကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာနမှူး ကပြော သည်။
အမှိုက်မှလျှပ်စစ်ဓာတ်အား  ပေးစက်ရုံတည်ဆောက်ရေးကုန် ကျစရိတ်အားလုံးကို ဂျပန်အဖွဲ့  က ထည့်ဝင်လှူဒါန်းသွားမည်ဖြစ် ပြီး ဓာတ်အား၎ဒဿမ ၅မဂ္ဂါဝပ်  ထွက်ရှိမည်ဖြစ်ကြောင်း၊စက်ရုံ တည်ဆောက်ရန် ဒဂုံမြို့သစ်မြောက်  ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင်သု သာန်အနီးတွင် မြေနေရာရွေးချယ် ထားကြောင်းလည်းသိရသည်။
လျှပ်စစ်ဓာတ်အား၏ ၂၀ ရာခိုင်နှုန်းကို စက်ရုံအတွက်ပြန် လည်အသုံးပြုမည်ဖြစ်ကာ ကျန်  ၈၀ ရာခိုင်နှုန်းကို စည်ပင်က ပိုင် ဆိုင်မည်ဖြစ်ပြီး စက်မှုဇုန်များနှင့်  အများပြည်သူထံပြန်လည်ရောင်း ချရန်အစီ အစဉ်များရှိကြောင်း သိရ သည်။
ဧပြီလ(၁)ရက်နေ့က စတင် အကောင်အထည်ဖော်ခဲ့သော အမှိုက်စို၊အမှိုက်ခြောက်စနစ်သည်  ဇူလိုင်လအထိ လေးလတာကာလ  အတွင်း လူထုပါဝင်မှု ၄၀ရာခိုင် နှုန်းအောင်မြင်မှုရှိလာကြောင်း၊ စွန့်ပစ်၍ထွက်ရှိလာသည့် အမှိုက် များကို စည်ပင်က လှိုင်သာယာ ရှိ ထိန်ပင်သုသာန်သို့ တန်တစ် သောင်း၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်ရှိ ထားဝယ်ချောင်သုသာန်သို့  တန်ခြောက်ရာကျော်နေ့စဉ် ကျင်းတူးစွန့်ပစ်လျက်ရှိသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်အတွင်း သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  ငွေကျပ်သိန်းပေါင်း ၅၆၀၀၀ကျော် သုံးစွဲရန် စည်ပင်မှလျာထားချက်  ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment