Sunday, August 26, 2012

အနာဂတ် နိုင်ငံ ဖွံ့ဖြိုးရေး အတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးသည် အရေးကြီး နိုင်ငံသား များ ပညာ သင်ယူမှု အခွင့်အလမ်း ပိုမို ရရှိစေရန် ဆောင်ရွက် ပေးလျက်ရှိ

နိုင်ငံတော် အစိုးရ အနေဖြင့် အနာဂတ် နိုင်ငံ့ မျိုးဆက်များ အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းများနှင့် ပညာရေး အဆင့်အတန်း မြင့်မားရေး လုပ်ငန်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက် ပေး လျက်ရှိကြောင်း။
အနာဂတ် ကာလ နိုင်ငံသား များ၏ ပညာ သင်ယူမှု အခွင့်အလမ်း ပိုမို ရရှိစေ ရန် နိုင်ငံတော် အစိုးရက စေတနာဖြင့် ဆောင်ရွက် ပေးလျက် ရှိသည့်အတွက် ကလေးငယ် များ၏ သင်ကြား သင်ယူမှု စွမ်းရည် တိုး တက် စေရေး ပညာရေး ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမ များက အမျိုးသားရေး တာဝန် တစ်ရပ် အဖြစ် ခံယူပြီး ကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုကြောင်းဖြင့် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် အမှတ်(၁၅) အခြေခံ ပညာ အထက်တန်းကျောင်း ၌ကျင်းပသည့် အဆိုပါ ကျောင်း မှ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေး ပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်း သား၊ ကျောင်းသူ များအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲ၌ ဆွေး နွေးပြောကြား သည်။
ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဆွေးနွေး ပြောကြားရာ၌  အနာဂတ် နိုင်ငံ ဖွံ့ဖြိုးရေး အတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေရာ ယနေ့လူငယ် နောင်ဝယ် လူကြီး ဖြစ်လာမည့် ကျောင်း သား၊ ကျောင်းသူများ၏ အသိဥာဏ် ပညာ ဖွံ့ဖြိုးတိုး တက်ရေးသည် အရေးကြီးကြောင်း၊ နိုင်ငံ အနေဖြင့် စည်းလုံး ညီညွတ်ပြီး အကျင့် စာရိတ္တနှင့် အသိပညာ၊ အတတ် ပညာများ    ဖွံ့ဖြိုး တိုးတက်မှသာ အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်လာမည် ဖြစ်ကြောင်း။
အမှတ်(၁၅) အခြေခံပညာ အထက် တန်းကျောင်း၏ ၂ဝ၁၁-၂ဝ၁၂ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုကို  လေ့လာကြည့်ပါက ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်သူ တစ်ဦး အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၈ဝ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း အနေဖြင့် (၆၁ ဒသမ ၂၆) ရာခိုင်နှုန်း ရရှိခဲ့ကြောင်း၊ ယခင်နှစ် အောင်ချက် ရာခိုင်နှုန်းထက် အနည်းငယ် ကျဆင်း သွားသော်လည်း (၆ဝ)ရာ ခိုင်နှုန်း ကျော်သည့် အတွက် အသိအမှတ် ပြုပါကြောင်း၊ လာမည့် ပညာသင်နှစ် တွင် ယခု နှစ်ထက် အောင်ချက် ရာခိုင်နှုန်း ပိုမို တိုးတက်ရန် မိဘ၊ ဆရာ၊ ကျောင်း သား  ပူးပေါင်း ဆောင်ရွက် ကြစေလို ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အမျိုးသား ပညာရည် မြင့်မားရေး လုပ်ငန်းစဉ် များနှင့် အညီ ကျောင်းသား၊ ကျောင်းသူ များအား ထူးချွန် ထက်မြက် ၍ ဘက်စုံ ပြည့်ဝသည့် အသိ ပညာရှင်၊ အတတ် ပညာရှင်များ ဖြစ်ထွန်း လာ အောင် လေ့ကျင့် ပျိုးထောင် ပေးစေလိုကြောင်း၊ မိဘများ အနေဖြင့် တစ်မျိုး သားလုံး ပညာရည် မြင့်မားရေး အတွက် ပညာရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ များနှင့်အတူ အပြည့်အဝ ပူးပေါင်း ပါဝင် ကူညီ ဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်းဖြင့် တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းနောက် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက် ရာခိုင်နှုန်း (၆ဝ) ကျော်အောင် သင်ကြား ပြသ ပေးကြသည့် ဆရာ၊ ဆရာမများ အား ဂုဏ်ပြု အမှာစကား ပြောကြား သည်။
ဆက်လက်၍ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂ဝ၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဘာသာစုံ ဂုဏ်ထူး ရရှိသူ တစ်ဦးနှင့် (၅)ဘာသာ ဂုဏ်ထူး ရရှိသူတစ်ဦးတို့အား ဆုများ ပေးအပ် ချီးမြှင့်ပြီး အောင်ချက် ကောင်းအောင် သင်ကြား ပြသပေးသည့် ဆရာ၊ ဆရာမ များကိုယ်စား ကျောင်းအုပ် ဆရာမကြီး အား ဂုဏ်ပြု ဆုငွေကို ပေးအပ် ချီးမြှင့် သည်။
ယင်းနောက်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်  ဥက္ကဋ္ဌ ကျောင်း အကျိုးတော်ဆောင် နာယက ကိုယ်စား အလှူရှင် ဦးဥက္ကာအေး အား ကျောင်းအုပ် ဆရာမကြီးက ကျောင်းသင်ကြားမှု သင်ယူမှု အထောက်အကူ ပြု  စာသင်ခန်း များတွင် အသုံးပြုရန် ကွန်ပျူတာ (၁ဝ)စုံနှင့် လေအေးပေး စက်(၁)လုံးကို လှူဒါန်းပေးခြင်း အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာဝင်းလှိုင်၊ အမှတ်(၂) အခြေခံပညာ ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးညွန့်၊ တိုင်းဒေသကြီး ပညာရေးမှူး၊ ကျောင်း အကျိုးတော်ဆောင်နှင့် ကျောင်းအုပ် ဆရာမကြီး တို့က ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုဆု တံဆိပ်နှင့် ဆုများကို အသီးသီး ပေးအပ် ချီးမြှင့်ကြပြီး ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင် စကား ပြော ကြားသည်။
အခမ်းအနား အပြီးတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ် တို့သည် အခမ်းအနားသို့ တက်ရောက် လာကြ သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးပြီး ကျောင်း ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး ဆောင်ရွက် ထားရှိမှုနှင့် သင်ကြားမှု သင်ယူမှု ခန်းမတို့ကို လှည့်လည်ကြည့်ရှု အားပေး ကြသည်။
ယနေ့ ကျင်းပသည့် မန္တလေးတိုင်း ဒေသကြီး  ချမ်းအေးသာစံမြို့နယ် အမှတ်(၁၅) အခြေခံပညာ အထက်တန်း ကျောင်းသည် ၂ဝ၁၁-၂ဝ၁၂ ပညာသင် နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဘာသာစုံ ဂုဏ်ထူးဖြင့် (၁)ဦး၊ (၅)ဘာသာ ဂုဏ်ထူးဖြင့် (၄)ဦး၊ (၄)ဘာသာ ဂုဏ်ထူးဖြင့် (၁ဝ)ဦး၊ (၃)ဘာသာ ဂုဏ်ထူးဖြင့် (၁၂) ဦး၊ (၂)ဘာသာ ဂုဏ်ထူးဖြင့် (၂၂)ဦး၊ (၁)ဘာသာ ဂုဏ်ထူးဖြင့် (၃၁)ဦး စုစု ပေါင်း(၈ဝ) ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း (၆၁ ဒသမ ၂၆) ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment