Sunday, August 26, 2012

ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန် အတွင်း မွေးမြူထားသော သက်တမ်း ၇ဝ ကျော်ရှိ နှစ်ချို့လိပ်ကြီး ကမ်းပါး ပေါ်တက်လာ

နေပြည်တော် ပျဉ်းမနားမြို့၏   အထင်ကရ အပန်းဖြေ နေရာ တစ်ခုဖြစ် သည့် မင်္ဂလာ ရှမ်းကန် အတွင်း တွင် မွေးမြူထားသော သက်တမ်း ၇ဝ ကျော် ရှိ  နှစ်ချို့ ''ရေလိပ်ကြီး'' တစ်ကောင်သည် ယမန်နေ့ (သောကြာနေ့)  နံနက်၈ နာရီခွဲက ရေထဲမှ ကမ်းပါးပေါ်သို့ တက်လာခဲ့ရာ ပတ်ဝန်းကျင် ခရီးသွား များနှင့် ရဟန်းရှင်လူ ပုဂ္ဂိုလ် များအထူး အဆန်းဖြစ်၍ ဝိုင်းအုံကြည့်ရှု နေကြသည် ကို တွေ့ရသည်။
မင်္ဂလာ ရှမ်းကန် အတွင်းတွင် ငါးခူ များနှင့် ရေလိပ်များ မွေးမြူထား လျက်ရှိရာ ရေထဲမှ ကမ်းပါးပေါ်သို့ တက်လာ သော ရေလိပ်များ ထဲတွင် ယခုကဲ့သို့ ကြီးမားသော ဧရာမ လိပ်ကြီးမျိုး ယခင် ကမတွေ့ဖူးကြောင်း   ဒေသခံ များ၏ ပြောကြားချက် အရသိရသည်။
''ပြီးခဲ့တဲ့ ၁၅ ရက်က ရေလိပ်တစ် ကောင်တက် လာတယ်။ အဲဒီရေလိပ်က''အမ''ဖြစ်တယ်။ ဒီလိပ်လောက် မကြီး ဘူး။ ဒီရေလိပ်ကြီးရဲ့ သက်တမ်းက အဘတို့   အသက်ထက် ကြီးမားပြီး  နှစ်ချို့ လိပ်ကြီးဖြစ်တယ်'' ဟု အသက် ၇ဝ ခန့်ရှိသော ၎င်းရပ်ကွက်နေ ဦးမောင် မောင်အေးက ပြောကြားသည်။
မင်္ဂလာ ရှမ်းကန်ထဲမှ ရေလိပ် ''အမ''များသည် ဥဥရန် ရေထဲမှကမ်းပါး ပေါ်သို့ မကြာခဏ တက်လာကြပြီး ယခုတွေ့မြင်ရသော သက်တမ်းရင့် နှစ်ချို့ ရေလိပ်ကြီးသည် ''အဖို''ဖြစ်ကာ အလျား ၃ ပေခွဲ၊ အနံ ၁ ပေခွဲရှိ၍ ကုန်းပေါ်တွင် မိနစ် ၃ဝ ခန့် နေပြီး ရေထဲသို့ ပြန်ဆင်း သွားကြောင်း သိရ သည်။           

No comments:

Post a Comment