Thursday, August 9, 2012

မိုးမခမှ တစ်ဆင့် ရှေ့နေ ဦးအောင်ထူးသို့ ပြန်ကြားချက်


ရှေ့နေ ဦးအောင်ထူးဆိုတာ ဘယ်လိုလူမျိုးလဲ…..အစိုးရမကောင်းကြောင်းပြောဖို့ လူဖြစ်လာတာလား။ စစ်အစိုးရ မကောင်းကြောင်းပြောနိုင်တဲ့သူဂုဏ်သိက္ခာရှိတယ်…နာမယ်ကျော်ကြားလူကြိုက်များတယ်ဆိုတဲ့ အတွေးအမြင်မျိုး ရှိနေတာလား..။ အတိတ်က အကြောင်းတွေပြောနေလို့ ဘာမှ အကျိုးမရှိတော့ပါဘူး။ဒီကနေ့ လက်ရှိ အခြေအနေကို သာ ကောင်းအောင်လုပ်ဖို့လူတိုင်းမှာ တာဝန်ရှိနေပါ တယ် ။ ရေမျော ကမ်းတင် ကုလားတွေဟာ လူသားဆိုတာ မှန်ပါ တယ်။ လူသားချင်း စာနာထောက်ထားရ မယ် ဆိုတာလဲမှန်ပါတယ်။

လူကြီးမင်းပြောသလို အဲဒီ ဘင်္ဂလီလူမျိုးတွေဟာ ထမင်းထုပ်ပေးပြီး ပြန်ပို့တာခံနေရတယ်ဆိုရင် ပြန်ပို့တဲ့ ဘာသာ စကားလဲတူ၊ ယဉ်ကျေးမှုလဲတူတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ပိုတာဝန်ရှိတာပေါ့။ အဲဒီဘင်္ဂလီမူဆလင်တွေအနေနဲ့ တမင် သက်သက်ကမ္ဘာကသနားလာအောင် အဓိကရုဏ်းမဖြစ်ဖြစ်အောင်လုပ်ဆောင်နေပြီး ဒေသခံတိုင်းရင်းသားတွေကို လူမျိုးရေးအရ လွှမ်းမိုးဖို့ကြိုးစားနေတာ ရှေ့နေကြီး ဘာကြောင့်မသိဟန်ဆောင်ရတာလဲ။ လူ့အခွင့်အရေးကို အလွန် လေးစားပါတယ်ဆိုတဲ့ နိုင်ငံတွေက အဲဒီဘင်္ဂလီတွေကို လက်ခံပေးဖို့ ဘာလို့မစဉ်းစားတာလဲ။ အယ်ဂျာဇီးရား ရုပ်သံ ဆိုတာ မူဆလင်တိုင်းပြည်မှာ အခြေစိုက်ထားတဲ့ အသံလွှင့်ဌာနဖြစ်တဲ့အတွက်မူဆလင်ဘက်ကပဲ လွှင့်ထုတ်မှာပေါ့။ ရခိုင်လူမျိုးတွေရဲ့ ရင်ထဲမှာရှိနေတဲ့စိုးရိမ်မှုတွေ၊ရခိုင်လူမျိုးတွေ နစ်နာဆုံးရှုံးမှုတွေကျတော့ဘာလို့ မထုတ်လွှင့်တာလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကိုယ်နှိုက်က ရခိုင်ပြည်နယ်       အရေးအခင်းရဲ့နောက်ကွယ်မှာ နိုင်ငံတကာ မူဆလင် အကြမ်းဖက်အဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်လို့ ထုတ်ဖော်ပြောဆိုသွားပါလျက် ဘာကြောင့် လက်ရှိ အစိုးရက        ဖန်တီးတယ်ဆိုတဲ့ စကားမျိုးပြောထွက်ရတာလဲ။
စစ်အစိုးရအဆက်ဆက်မကောင်းဖူးပြောတာမျိုး လက်ခံနိုင်ပါတယ်။ ဒါပေမယ့် အခုအစိုးရသစ်က ရခိုင်အရေးအခင်း ဖြစ်အောင်ဖန်တီးတယ်လို့ပြောတဲ့စကားကျတော့ လူကြီးမင်းဟာ ဦးနှောက်ကောကောင်းသေးရဲ့လား။ရခိုင်တိုင်းရင်း သားတွေအပေါ် ပညာပေးချင်လို့ဆိုတဲ့စကားက ဘာလဲ ရခိုင်လူမျိုးတွေနဲ့ အစိုးရကို တိုက်ပေးတာလား။ ဒီလိုလုပ်ဖို့ ဘင်္ဂလီတွေဆီက ငွေကြေးယူထားလို့လား။ စဉ်းစားတွေးခေါ်ဥာဏ်အဲဒီလောက်ပဲ ခေါင်းပါးရသလား။ ပြောပါရေးပါ ဦးသိန်းစိန်မကောင်းဘူးလက်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မကောင်းဘူး လက်ခံနိုင်ပါတယ်။ ဒါပေမယ့် အခု ဟာက ကိုယ့်နိုင်ငံက ရခိုင်ပြည်နယ်မှာ တိုင်းတစ်ပါးသား လူမျိုးခြား ဘာသာမတူ၊အသွင်မတူတဲ့လူတွေဝင်လာပြီး ကိုယ့်တိုင်းရင်းသားတွေအပေါ်မှာ လူအုပ်စုဖွဲ့အနိုင်ကျင့်ခဲ့တာဖြစ်ရပ်မှန်ပါ။ ဒါတွေကို မြန်မာလူမျိုးတစ်ယောက်ဆိုတဲ့ အမြင်နဲ့ရေးပါ၊ပြောပါ။
ဘင်္ဂလီပဲပြောပြော၊ ရိုဟင်ဂျာပဲပြောပြော ကိုယ့်နိုင်ငံထဲမှာ ကျူးကျော်နေတာဖြစ်ရပ်အမှန်ပဲ။ လူကြီးမင်းရှေ့နေကြီး ဦးအောင်ထူးက မူဆလင်လား။ အစ္စလာမ်ဘာသာဝင်ထားလို့လား။ ဒီလိုမျိုးတွေ ကိုယ်ရေးချင်တာတွေလျှောက်ရေး နေတဲ့သူတွေရှိနေလို့  မူဆလင်တိုင်းပြည်ကသူတွေ အဖြစ်မှန်မသိတော့ဘဲ ရမ်းကားချင်တိုင်းရမ်းကာနေတာ။ အီဂျစ် မှာရှိတဲ့ မြန်မာသံရုံးက အလံကို ဆွဲချပြီး မီးရှို့ပစ်တဲ့ဖြစ်စဉ်မျိုးကျတော့ လူကြီးမင်းရင်ထဲမှာ ဘာမှမခံစားရဘူးလား။  ဒါလဲ အစိုးရသစ်ကဖန်တီးလို့ဖြစ်လာတာလို့ပြောချင်သေးတာလား။
မရေးသင့်တဲ့အရေးအသားတွေမရေးစေချင်ပါဘူး။ မိုးမခအယ်ဒီတာကိုလဲ လေးစားစွာပန်ကြားချင်ပါတယ်။ဒီလိုမျိုး တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့အရေးကိစ္စမျိုးမှာ ကိုယ့်အမျိုးသားဘက်ကမနာဘဲ တစ်ခြားဘက်ကနာတတ်တဲ့အရေး အသားမျိုးကို တင်မပေးစေချင်ပါဘူး။ အစိုးရမကောင်းကြောင်းရေးသားပြောဆိုတာမျိုးကို တင်ပါ၊အပြစ်မပြောလို ပါဘူး။ အခုဟာကတော့ ဘယ်လိုပဲစဉ်းစား..စဉ်းစား….။ မတင်သင့်ဘူးလို့ ထင်ပါတယ်။   

ရခိုင်ပြည်နယ်သားတစ်ဦး

1 comment:

  1. Because those guys survived with Soros's Open society foundation money. Soros wanted those Bengalis to resettle in Burma.

    ReplyDelete