From -7DayNewsJournal
အသံတစ်သံကို
အစက အဝေးကြီးမှ တိုးပျပျကြားရသည်။ ထိုမှတစ်သံတည်းမဟုတ်တော့၊ တဖြည်းဖြည်း
စုဝေးပေါင်းစပ်လာပြီး တစ်စထက်တစ်စ နီးကပ်လာသည်။ မကြာပါ၊
မီဒီယာများမှတစ်ဆင့် ကြားသိလာရ သည်။ ပြည်ထောင်စုလွှတ်တော်များမှတစ်ဆင့်
ကြားလာရသည်။ တစ်ဆက်တည်း မီဒီယာများတွင် မြင်တွေ့ရသည့် ပုံရိပ်များက
စိတ်မကောင်းစရာ၊ ညှိုးချုံးသော မျက်နှာများဖြင့် သူတို့၏ ဆန္ဒများကို
စက္ကူချပ်ပေါ်တွင် ရေး သားကာ တချို့ထိုင်၍၊ တချို့စီတန်းလှည့်လည်၍
မြို့ကြီးဆီရောက်လာသော တောင်သူလယ်သမားကြီးများ၊ သနပ်ခါးပါးကွက်ကြား
လယ်သူမကြီးများ၊ မြေမဲ့ယာမဲ့ ဖြစ်သွားသော လယ်သမားများ..
(၁)
၂၀၁၂ ဇူလိုင်လ ၄ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ် တော် အစည်းအဝေး၌
ဇလွန်မဲ ဆန္ဒနယ်မှ ဦးတင်ထွတ်က အဆို တစ်ရပ်တင်သွင်းခဲ့သည်။ ယင်းအ ဆိုတွင်
တောင်သူလယ်သမားများ ၏ လယ်ယာမြေများ သိမ်းဆည်း ခံရခြင်းများအပေါ်
စုံစမ်းလေ့လာ ဖော်ထုတ်ပြီး နစ်နာမှုမရှိစေရေး၊ တရားမျှတစွာ
ဖြေရှင်းဆောင်ရွက် ပေးရန် ပါရှိခဲ့သည်။ ၎င်းင်းကပင် မြို့ပြတိုးချဲ့ရေးနှင့်
စက်မှုဇုန်များ တည်ဆောက်ရေးအတွက် တောင် ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့မြို့
နယ်၊ မင်္ဂလာဒုံမြို့နယ်တို့တွင် လယ်မြေဧကတစ်သောင်းကျော်၊
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် သောင်းဇောင်းကျေးရွာ အုပ်စုတွင်
လယ်မြေဧက နှစ် ထောင့်လေးရာကျော်၊ မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ်
ခေါင်းကွဲအုပ်စု သင်္ဘောတင်ကျေး ရွာတွင် မြေနုကျွန်းဧက ခြောက် ရာကျော်၊
တောင်သာမြို့နယ်တွင် ဧကလေးရာ့ငါးဆယ်တို့ကို ကုမ္ပ ဏီများသို့
လုပ်ကိုင်ခွင့်ချထားပေး ခဲ့သော်လည်း ကုမ္ပဏီများက စိုက် ပျိုးလုပ်ကိုင်ခြင်း
မရှိဘဲ မူလလယ် သမားများကို ပြန်လည်အငှားချ ထားခြင်း၊ နီးစပ်သူများကို လုပ်
ကိုင်စေခြင်း၊ တစ်ဆင့်ပြန်လည် ရောင်းချခြင်း၊ စိုက်ပျိုးသူများကို
နှင်ထုတ်ခြင်းနှင့် သီးနှံများကို ဖျက် ဆီးခြင်း စသည့်မတရားနိုင့်ထက်
စီးနင်းပြုကျင့်မှုများကို လုပ်ဆောင် ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့ သည်။
ဤသို့ဖြစ်ရခြင်းမှာ ၁၉၉၇ ခုနှစ်ကစ၍ စစ်အစိုးရက လယ်ယာမြေများကို
မြို့ပြတိုးချဲ့တည်ဆောက်ရေး၊ စက်မှုဇုန်တည်ဆောက်ရေး၊
တပ်မတော်တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့ စည်းရေးနှင့်
နိုင်ငံတော်စီမံကိန်းများဟုဆိုသော စိုက်ပျိုးမွေးမြူရေးစီမံကိန်းများ
ဆောင်ရွက်
ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများ သို့ မြေနေရာချထားပေးရာတွင်
တောင်သူလယ်သမားများ လုပ် ကိုင်နေသည့် မြေယာများ ပါရှိခဲ့ သည်။
ကုမ္ပဏီကြီးအချို့သည် ဘိုး စဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သော လယ်သမားများကို
အကျိုးတူပူး ပေါင်း ဆောင်ရွက်ရန် စည်းရုံး သိမ်းသွင်းခဲ့ပြီး နောက်ပိုင်း၌
တစ် ဧကလုံးအတွက် ကျပ်နှစ်သောင်း မှ အများဆုံး ကျပ်ငါးသောင်း လျော်ကြေးပေး၍
လယ်ယာမြေ များမှ စွန့်ခွာစေခဲ့သည်။ ကုမ္ပဏီ အချို့သည် လယ်ယာမြေများကို
၎င်းင်းတို့ပိုင်အဖြစ် နည်းလမ်းအမျိုး မျိုးဖြင့် လုပ်ဆောင်ခဲ့ပြီး တစ်စ
ထက်တစ်စ သိမ်းယူခဲ့ကြသည်။ အချင်းချင်း အရောင်းအ၀ယ်လုပ် ကြသည်။ ထိုပြဿနာသည် ယ
ခင်အစိုးရလက်ထက်က တအုံနွေး နွေးတည်ရှိခဲ့ပြီး ဖွဲမီးပမာတငွေ့ ငွေ့
လောင်ကျွမ်းခဲ့ရာမှ ယခုအစိုး ရလက်ထက်တွင် လယ်သမားများ က ဆုံးရှုံးခဲ့ရသည့်
လယ်ယာမြေများကို ပြန်လည်
ရရှိအောင်၊ တစ်နည်းတစ် ဖုံအားဖြင့်
ထိုက်သင့်သည့် နစ်နာကြေးများရရှိ အောင် သမာသမတ်ကျသော တောင်းဆိုမှုများ
ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။
တစ်ဆက်တည်း ပြည်ထောင်စုလွှတ်တော်က
ယင်းလယ်ယာမြေအရေး ကိစ္စများအပေါ် စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းရန်
အတည်ပြု ပေးခဲ့သည်။ ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့ကလည်း ထိုစုံစမ်း
ရေးကော်မရှင်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အချက်ငါးချက်ပါ သော တောင်းဆိုချက်ကို
ထုတ် ပြန်ခဲ့ကြသည်။ စောင့်ကြည့်ရမည့် အနေအထား တစ်ရပ်ပင်။
ပြောလိုသည်မှာ တရားမျှတမှု (Justice)ကို ဥပဒေကြောင်းအရ တရားမျှတမှု (Legal
Justice) နှင့် လူမှုဘ၀ရလဒ်များ တရားမျှ တမှု (Social Justice)ဟူ၍
ပညာရှင်များက ခွဲခြားထားရာ ဥပဒေ(Law)နှင့် တရားစီရင်ရေးစနစ် (Judicial
System)သည် အ ခြေအနေပေါ် မူတည်၍ ဦးထိပ် ထားအပ်သော တရားမျှတမှုနှင့်
ကိုက်ညီခြင်းမရှိသည့်အခြေအနေ မျိုး တစ်ခါတလေ ဖြစ်ပေါ်တတ် သည်။
ထိုအခြေအနေမျိုးတွင် လူမှုဘ၀ရလဒ်များ တရားမျှတမှု က
မှိန်ဖျော့သွားလေ့ရှိသည်ကို သတိပြုစေချင်သည်။
(၂)
၁၉၃၉ ခုနှစ်က အမေရိကန် ပြည်ထောင်စုတွင် ၀တ္ထုကြီးတစ် အုပ်ပေါ်ထွက်ခဲ့သည်။
သိပ်မကြာပါ၊ အမေရိကန်ပြည်ထောင်စု တစ် ၀န်းလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွား
သည်။ ထိုဝတ္ထုကြီးကို ဖတ်မိသူ များ စိတ်နှလုံးကြေကွဲကြရသည်။ တကယ်ဟုတ်မှ
ဟုတ်ပါလေစဟု သံသယ၀င်ကြသည်။ အချို့က စာအုပ်များကို မီးရှို့ဖျက်ဆီးပစ်ကြ သည်။
မဖတ်ရ မရောင်းရဟု ပိတ် ပင်တားမြစ်ကြသည်။ သို့သော် ထိုသို့ တားမြစ်လေ
စာအုပ်မှာ ရောင်းကောင်းလေဖြစ်ပြီး မရမက ရှာ၍ ဖတ်ကြသည်။ ခိုး၍ဖတ်ကြ သည်။
ဤသို့ဖြင့် ထိုဝတ္ထုကြီးသည် အမေရိကန်တစ်ဝန်း အုတ်အော်သောင်းတင်းဖြစ်ကာ
လူတိုင်းပါးစပ်ဖျား၌ ၀တ္ထုထဲပါအကြောင်းအ ရာများကို ငြင်းခုံဆွေးနွေးကြသည်။
အချို့တိတ်တိတ်ကြိတ်၍ တိုင်ပင် ကြသည်။ အချို့ ငေးမှိုင်တွေဝေသွားကြသည်။
ထိုဝတ္ထုကြီးမှာ အခြားမဟုတ် အမေရိကန်စာရေး ဆရာကြီး John Steinbeck ၏ The
Grapes of Wrath ၀တ္ထုကြီးဖြစ်သည်။ ဆရာမောင်ထွန်းသူ က မကွယ်လွန်မီ
ဒေါသမာန် အ မည်ဖြင့် မြန်မာဘာသာသို့ ပြန် ဆိုခဲ့ပြီးဖြစ်သည်။
ဒေါသမာန်၏ အနှစ်သာရ မှာ အမေရိကန်ပြည်ထောင်စုတွင် ၁၉၃၀ ပြည့်နှစ်တစ်ဝိုက်က
ကမ္ဘာ့ စီးပွားရေးပျက်ကပ်ကြောင့် မြေမဲ့ ယာမဲ့ဖြစ်သွားသော ခြေသလုံး
အိမ်တိုင်လယ်သမားများဘ၀ကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ၀တ္ထုကြီး တွင်ပါဝင်သော
တွမ်ဂျုတ်ဆိုသည့် ဇာတ်ကောင်မှာ မြေယာဆုံးရှုံး၍ အဘက်ဘက်တွင် မျှော်လင့်ချက်
ကင်းမဲ့နေသော လယ်သမားတစ် ဦးဖြစ်သည်။ ဂျွန်စတိန်းဘက် သည်
အမေရိကန်တောင်ပိုင်းနယ် သား လယ်သမားများဘ၀ကို လူ ထုကိုယ်စားလှယ်အဖြစ်
တွမ်ဂျုတ် ကို ဖန်တီးထားသည်။ ထိုဝတ္ထု ကြီးထဲတွင် မြေယာမဲ့လယ်သမား
တွမ်ဂျုတ်ကို အခြေပြု၍ ဘိုးဘိုး ဂျုတ်၊ ဘွားဘွားဂျုတ်၊ ဖေဖေဂျုတ်၊
မေမေဂျုတ် စသဖြင့် စာရေးသူကဆင့်ပွားဖန်တီးကာ လယ်သမား မိသားစုဘ၀ကို
ခြယ်မှုန်းခဲ့ခြင်းဖြစ် ၍ ထိုစဉ်ကာလက ဒုက္ခရောက် နေသော သိန်းနှင့်ချီသည့် အမေ
ရိကန်လယ်သမားမိသားစုများ
အတွက် ကြေးမုံပြင်သဖွယ်ဖြစ်ခဲ့ရ သည်။ ၀တ္ထုတွင် ကုမ္ပဏီများ
ဝင်လာခြင်းကြောင့် အကြောင်းအမျိုးမျိုး ဖြင့် မြေယာအား စွန့်ခွာခဲ့ရသည့်
လယ်သမားများအနက် တွမ်ဂျုတ်
မိသားစုသည် ကားအိုကားဟောင်း ကြီးတစ်စီးဖြင့် လုပ်ငန်းကိုင်ငန်း ကောင်းမည်ထင်သော မြို့ကြီးများ သို့ ထွက်ခွာခဲ့ပုံ၊ ထင်သလိုမဖြစ်ဘဲ
ဒုက္ခသည်စခန်း
ရောက်သူက ရောက် ဖရိုဖရဲရင်ဆိုင်ရပုံကို ဖော်ပြထားသည်။ ဂျွန်စတိန်း
ဘက်သည် ထိုဝတ္ထုကြီးဖြင့် ၁၉၄၀ ပြည့်နှစ်တွင် ပူလစ်ဇာဆုရခဲ့ပြီး ၁၉၆၂ တွင်
စာပေနိုဗယ်ဆု ချီး မြှင့်ခံခဲ့ရသည်။
(၃)
ရုရှားစာရေးဆရာကြီူးနသွှသျူအသပ ကတော့ လူတစ်ယောက် မြေဘယ်လောက်လိုသလဲ (How
Much Land Does A Man Need) ဟူ၍ ရေးသားခဲ့သည်။ လူတစ်ယောက်၊ လယ်ယာမြေအများ
အပြား ပိုင်ဆိုင်လိုသော လူတစ်ယောက်၊ အလကားနီးနီး ရရှိနိုင် မည့် မြေများကို
တစ်နေ့တာအတွင်း လျှောက်လှမ်းနိုင်သမျှ စထွက်သည့်နေရာမှ ထိုနေရာသို့ ညနေ
နေမ၀င်ခင်အရောက် ပြန်လာနိုင်ခဲ့လျှင် ရရှိမည်ဆိုသောအ ခါ၊ မတော်လောဘတက်၍ အ
ရုဏ်တက်သည်မှ စတင်ထွက်ခွာ
ခဲ့ပြီး နေမ၀င်ခင် ပြန်လည်မ ရောက်ဘဲ
အမောဆို့သေဆုံးသွား သောအခါ နောက်ဆုံးပိုင် ဆိုင်ရသည်မှာ ဦးခေါင်းမှ
ခြေဖ ၀ါးထိသာဆံ့သော ခြောက်ပေအ ကျယ်ရှိ မြေကျင်းလေးသာ ဖြစ် ခြင်းကို
လီယိုတော်စတွိုင်းက သ ရော်တော်တော် ရေးသားခဲ့သည့် ၀တ္ထုလေး၊ မတော်လောဘဖြင့်
သူတစ်ပါး မြေယာပိုင်ဆိုင်လိုသူ များအတွက် ရေးခဲ့သော ၀တ္ထုတို လေး ...။
(၄)
အမေရိကန်ပြည်ထောင်စု တွင် ၁၈၀၁ မှ ၁၈၀၅ ခုနှစ်အ တွင်း ဒုတိယသမ္မတအဖြစ် တာ
ဝန်ထမ်းဆောင်ခဲ့သူ မစ္စတာအာ ရွန်ဘား (Mr.Aaron Burr)သည် ငယ်စဉ်က ပြဿနာတစ်ရပ်
ကြောင့် လူတစ်ဦးနှင့် တစ်ယောက် ချင်း သေနတ်ယှဉ်ပစ်ခဲ့သည်။ ထိုအချိန်က
အမေရိကန်တွင် ယင်းသို့သေနတ်ယှဉ်ပြိုင်ပစ်ခြင်း သည် ရာဇ၀တ်မှုမမြောက်၊ အာ
ရွန်ဘားနှင့် ယှဉ်ပစ်သူသည် အာ ရွန်ဘား ပစ်လိုက်သော ကျည် ဆန်ဖြင့်
သေဆုံးခဲ့ရရှာသည်။ အာရွန်ဘားသမ္မတဖြစ်ပြီး အသက်အရွယ်ရလာသည့်အခါ ထို
ဖြစ်ရပ်အပေါ် စိတ်မကောင်း ဖြစ်နေခဲ့သည်။ တစ်နေ့...၎င်းင်း ရှိရာအခန်းထဲကို
ယင်ကောင်မဲ ကြီးတစ်ကောင် ပျံသန်းဝင်ရောက် လာသည်။ အာရွန်ဘားသည်
စိတ်မြန်သူပီပီ အစပထမတွင် ရိုက် ထုတ်မည်ကြံပြီးမှ ငယ်စဉ်က ဖြစ်ရပ်ကို
ပြန်တွေးမိကာ အခန်းတံခါးတွေ အကုန်ဖွင့်ပြီး ထိုင်
စောင့်နေလိုက်သည်။
ပြတင်းပေါက်မှ ယင်ကောင်မဲကြီး ထွက်ခွာသွားလေသောအခါ ''လောကကြီးမှာ
မင်းနဲ့ငါ နေစရာတွေ အကျယ်ကြီးပါကွာ''ဟု မှတ်ချက်ပြု ပြောကြားလိုက်သည်။
သူတစ်ပါး လွတ်လပ်ခွင့် မထိပါးရေး၊ တစ်ဦးနှင့်တစ်ဦး ထိခိုက်အောင် မလုပ်မိရေး အာရွန်ဘားဆင်ခြင် နေထိုင်ခဲ့ပုံ ပေါ်သည်။
(၅)
တစ်လောက အကြောင်း ကိစ္စတစ်ခုရှိ၍ ဗိုလ်တထောင်မြို့နယ်ဘက် ရောက်သွားရာ
ဗိုလ် ချုပ်လမ်း အိုးအိမ်ရုံးရှေ့၌ ၎င်းင်းတို့ ၏ ဆန္ဒများကို ရေးသားထား သော
စက္ကူချပ်လေးများ ကိုယ်စီ ကိုင်၍ တိတ်ဆိတ်စွာ စီတန်းထိုင် နေကြသည့်
လယ်သမားကြီးများ ကို မြင်ရသည်။ အ၀တ်အစား နွမ်းဖတ်ဖတ် ညိုမောင်းသော
အသားအရေတို့နှင့် ညှိုးနွမ်းရီဝေ သော မျက်လုံးများကစိတ်နှလုံးကို
ထိခိုက်သွားစေသည်။ ရုတ်တရက် ပင်ဒေါသမာန်ထဲက စကားအချို့ သတိရသွားသည်။
''ဒီမြေက ကျုပ်တို့မြေဗျ။ ကျုပ်တို့ ခုတ်ထွင်ရှင်းလင်းပြီး ပြု
စုပျိုးထောင်လာတဲ့မြေ။ ကျုပ်တို့အားလုံး ဒီမြေပေါ်မှာ မွေးလာ ကြတာ။
ဒီမြေပေါ်မှာပဲ အသတ် ခံခဲ့ကြရတယ်။ သေခဲ့ကြရတယ်။ နောက်ဆုံးဒီမြေဟာ
လုံးဝသုံးမရ တဲ့ ဖုန်းဆိုးမြေဖြစ်သွားဦးတော့ ကျုပ်တို့မြေဟာ
ကျုပ်တို့မြေပဲ။ ဒီ ပေါ်မှာမွေးတယ်။ ဒီပေါ်မှာ အ လုပ်လုပ်တယ်။ ဒီပေါ်မှာပဲ
ခေါင်း ချကြတယ်။ ဒါတွေဟာ ဒီမြေကို ကျုပ်တို့ ပိုင်ဆိုင်ကြောင်း ပြနေ တာပဲ
မဟုတ်လား။ ဂဏန်းတွေ ရေးထားတဲ့ စာရွက်တစ်ရွက်က ပြတာမဟုတ်ပါဘူး''
သြော်...အခုတော့ တွမ် ဂျုတ်တွေ ရောက်လာပြီလား။ တွမ်ဂျုတ်တွေ မြို့ပေါ်ရောက်လာ ကြပြီလား။ ။
ယင်းအခြေအနေများနှင့် ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်တွင်
လယ်ဆည်ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ၁၉၈၈ခုနှစ်နောက်ပိုင်းမှစ၍
သိမ်းဆည်းခံရသော လယ်မြေများမှာယခင် အစိုးရများက ဥပဒေနှင့်
အညီဆောင်ရွက်ခဲ့သည့် စီမံကိန်း များဖြစ်၍ နောက်ကြောင်းပြန်
ဖြေရှင်းပေးနိုင်မည့် အခြေအနေ မရှိပါကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။
No comments:
Post a Comment