Tuesday, August 28, 2012

ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန်အစည်း အဝေး (၁၁)ရက် မြောက်နေ့ ကျင်းပ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် (၆၂၉)ဦး တက်ရောက်

ပထမအကြိမ်  ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန်အစည်း အဝေး (၁၁)ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ ၅ မိနစ် တွင် နေပြည်ေ တ်ာရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်  ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် (၆၂၉)ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေး၌ ဥပဒေကြမ်း(၁) ခုနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း၊ အစီရင်ခံစာ ရှင်းလင်း တင်ပြခြင်း၊ လွှတ်တော်သို့ အသိပေး တင်ပြခြင်း၊ မှတ်တမ်းတင် ခြင်းနှင့် အဆို(၁)ခု ဆွေးနွေးခြင်း တို့ကို ဆောင် ရွက်ကြ သည်။
ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း ကဏ္ဍ၌ နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်များနှင့် အတူ ပြန်လည် ပေးပို့လာသော ပို့ကုန် သွင်းကုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်တို့ကို ပူးပေါင်း ကော်မတီ ဝင် ဒေါက်တာ စိုးမိုးအောင်က ဖတ် ကြား ရှင်းလင်းသည်။
ယင်းဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များ အပေါ်ဆွေးနွေး လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါ ကဆွေးနွေး လိုသည့် ''အပိုဒ်၊ အပိုဒ် ခွဲနှင့် အကြောင်း အရာ''ကို  ဖော်ပြ လက်မှတ်ရေး ထိုးပြီး သြဂုတ် ၂၉ ရက် ညနေ ၄ နာရီနောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းနိုင် ကြောင်း သိ ရသည်။
အစီရင်ခံစာ ရှင်းလင်းတင်ပြ ခြင်းကဏ္ဍ၌ နိုင်ငံတော်ပိုင် စီးပွား ရေးအဖွဲ့အစည်းများသို့ လှည့်ပတ် ရန်ပုံငွေအဖြစ် နိုင်ငံတော်ဘဏ်မှ ချေးယူသုံးစွဲ ရန်ကိစ္စနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက ဖတ်ကြား ရှင်းလင်းပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ ၏လေ့လာတွေ့ ရှိချက် အစီရင်ခံစာကို ပူးပေါင်း ကော်မတီဝင် ဒေါ်နန်းနီနီအေး က ရှင်းလင်း တင်ပြရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။

No comments:

Post a Comment