Monday, August 6, 2012

ဒီနေ့ ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးမြန်းမည့် မေးခွန်းများ

ယနေ့ (သြဂုတ်လ ၆ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌

(၁) တစ်ဦးချင်း ကုန်သွယ်ကတ် ထုတ်ပေးရေး ကန့်သတ်ထားသော ပစ္စည်းများ တင်သွင်းခွင့်ကို ဖြေလျော့ပေးရေး ကုန်ပစ္စည်းကို ကန့်သတ်မည့်အစား တင်သွင်းခွင့် ပေးပြီး အခွန်စနစ်ဖြင့် ထိန်းချုပ်ရေး အများပြည်သူ စားသုံးရန် မသင့်သော ကုန်ပစ္စည်းများကို နယ်စပ်နေ ပြည်သူများ သိရှိလိုက်နာရန် စစ်ဆေးထုတ်ပြန်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်း


(၂) မော်တော်ယာဉ် တင
်သွင်းခွင့် ပြုခြင်းနှင့် တရားမ၀င် မော်တော် ဆိုင်ကယ် တင်သွင်းခြင်းကို တရားဝင်လိုင်စင် ထုတ်ပေးခြင်း ကိစ္စမျိုး၌ ရေရှည် အကျိုးသက်ရောက်မည့် မူဝါဒမျိုးကို ချမှတ်၍ ဥပဒေ၊ နည်းဥပဒေ အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း

(၃) တောင်သူ လယ်သမားများအား စိုက်ပျိုး စရိတ် ချေးငွေ အတိုးမဲ့ ချေးပေးခြင်းနှင့် လက်လုပ်လက်စား ပြည်သူများကို အတိုးမဲ့ချေးငွေ ထုတ်ချေးပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း

(၄) လယ်ယာ လုပ်ငန်း ခွင်များတွင် အသုံး ပြုလျက်ရှိသည့် ရွက်ဖြန်း ပိုးသတ်ဆေးများသည် အန္တရယ် အလွန် ကြီးမားသဖြင့် ပိုးသတ်ဆေး
အန္တရာယ် ပညာပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း

(၅) လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် စက်မှုလက်မှု ကုန်သည်များ အသင်းတို့ ပူးပေါင်းပြီး ဆီထွက်သီးနှံ လုံလောက်စွာ ထွက်ရှိနိုင်ရေး အစီအမံ ပြုလုပ်နိုင်သော စွမ်းအား ရှိ၊ မရှိ မေးခွန်း

အစရှိသည့် မေးခွန်းများကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းကြမည် ဖြစ်ပြီး

(၁) အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ဥက္ကဋ္ဌ သို့မဟုတ် ယင်းက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်က သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားခြင်း ကို အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊ အတည်ပြုခြင်း။

(၂) ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း

(၃) နိုင်ငံတော်၏ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု အစီအစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းကြီးများသည် ဘက်ပေါင်းစုံမှ ရေရှည်ထိရောက် အကျိုးပြုစေရန် သီးခြားလွတ်လပ်သော အတိုင်ပင်ခံ အင်ဂျင်နီယာ အဖွဲ့များ ငှားရမ်းဆောင်ရွက်ရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ် ခုနှစ်ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

အစရှိသည့် အစီအစဉ်များကိုလည်း ပြုလုပ်မည် ဖြစ်ပါသည်။

No comments:

Post a Comment