Saturday, August 4, 2012

'' ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကွင်တားနား တိုက်တွန်း''

မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်အား ငြင်းပယ်ခြင်းအပါအ၀င် ခွဲခြားဆက်ဆံမှုများရှိနေသော ၁၉၈၂ ခုနှစ်
နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားက တိုက်တွန်းပြောဆိုလိုက်သည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့သွားရောက်ပြီး ဒေသခံရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂါလီလူမျိုးများကို သွားရောက်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီး၊

ယနေ့ညနေ ၆ နာရီခွဲတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်းပြည်ပသတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်အစိုးရအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊

၈၈ မျိုးဆက်ကျောင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့သလို၊ အင်းစိန်အကျဉ်းထောင်နှင့် ကချင်ဒေသသို့လည်း သွားရောက်ခဲ့သည်။
from - ပေါ်ပြူလာဂျာနယ်

1 comment:

  1. သုံးသပ် သင်.ပါတယ်။ဘာဖြစ်ဆိုတာ သိရမယ်ထင်တယ်။တစ်ခုခု တော.မှားနေလို. ဖြစ်မှာပါ။လူကြီး လူကောင်းဆန်စွာနဲ. ပြန်လည်သုံးသပ်သင်.တယ်လို. ပြောသွားတာလို. ထင်ပါတယ်။

    ReplyDelete