လာမည့် နိုဝင်ဘာလဆန်းပိုင်း၌ ကျင်းပရန်ရှိသည့်
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက် သမ္မတအိုဘားမား၏
ဒီမိုကရက်တစ်ပါတီအပေါ် အနိုင်ရရှိရေးအတွက် သဘောထားတင်းမာမှုရှိသည့်
မူဝါဒများကို ရီပတ်ဘလီကန်ပါတီက သြဂုတ်လ ၂၈ ရက်နေ့တွင်ကျင်းပသည့် ပါတီ၏
အမျိုးသားညီလာခံ၌ ထုတ်ဖော်လိုက်ကြောင်း ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။
လက်ရှိ ဒီမိုကရက်တစ် သမ္မတ အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်
ပြုပြင်ပြောင်းလဲရေးကို ရုပ်သိမ်းပစ်မည်ဖြစ်ပြီး
ပဋိသန္ဓေဖျက်ချမှုပိတ်ပင်ရေး၊ သေနတ်ထိန်းချုပ်မှုပယ်ဖျက်ရေး၊
အမျိုးသား လုံခြုံရေးမြှင့်တင်ရေး
အစရှိသည်တို့ကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရီပတ်ဘလီကန်ပါတီက
အမေရိကန်ပြည်သူများကို ကတိကဝတ်ပြုပြောကြားသည်။ "အမေရိကန် အိပ်မက်သည်
အန္တရာယ်ရှိနေပြီ" ဟု ရီပတ်ဘလီကန်ပါတီက ထုတ်ဖော်ပြောဆိုပြီး
လက်ရှိအစိုးရ၏လည်ပတ်လုပ်ကိုင်နေမှုများ၊ ဘတ်ဂျတ် သုံးစွဲမှုများ၊ အခွန်ကောက်ခံမှုနှင့် ထိန်းချုပ်မှုများ အစရှိသည့်လုပ်ငန်းစဉ်များ တွင် လေးနက်သော အပြောင်းအလဲများပြုလုပ်ကာ အသစ်ကစတင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ရီပတ်ဘလီကန်ပါတီ၏ အဖွဲ့ဝင် ၁၁၀ ဦးပါဝင်သော မူဝါဒရေးရာကော်မတီ အကြီးအကဲနှင့် ဗာဂျီးနီး ယားပြည်နယ် အုပ်ချုပ်ရေးမှူး ဘော့ဘ်မက်ကော်နဲလ်က လက်ရှိအိုဘားမားအစိုးရက ဦးတည်လုပ်ကိုင် လျက်ရှိသော မူဝါဒများသည် “အလုပ်အကိုင်မရှိသောအလုပ်သမားမျ
ထို့ပြင် ပါတီ၏ ရည်ရှည်ရပ်တည်ချက်သဘောထားများဖြ
No comments:
Post a Comment