Wednesday, August 29, 2012

ယုဇန ကုမ္ပဏီပိုင်ရှင် အမည်နှင့်ဓာတ်ပုံ ဆန္ဒပြပွဲတွင် သုံးခွင့်မပြု

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ လယ်မြေများအား ယုဇန ကုမ္ပဏီမှ သိမ်းယူထားခြင်းကို သဘောမတူကြောင်း ဆန္ဒပြရန် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရဲစခန်းသို့ တောင်းခံထားရာ ဆန္ဒပြရာတွင် ကုမ္ပဏီပိုင်ရှင် ဦးဋ္ဌေးမြင့်၏ အမည်နှင့် ဓာတ်ပုံကို သုံးစွဲခွင့် မပြုကြောင်း မြေသိမ်းခံ လယ်သမားများကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ လယ်မြေများအား ယုဇန ကုမ္ပဏီမှ သိမ်းယူ
အရေး ဆောင်ရွက်ပေးနေသူ ဒေါ်ဘောက်ဂျာ က ပြောသည်။


ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းပေါ်ရှိ ယုဇနဟိုတယ်ရှေ့တွင် ဆန္ဒပြခွင့်ပြုရန် တောင်းခံထားသည်ကိုလည်း မြို့နယ်ရဲစခန်းမှူးမှ ခွင့်မပြုခဲ့ပေ။

“အဲဒီလမ်းက လူသွားလူလာ များတယ်။ ခွင့်မပြုနိုင်ဘူးဆိုပြီးတော့ ကျမတို့ကို စခန်းမှူးက ခေါ်ပြောတယ်” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။ အခြားနေရာတွင် ပြမည်ဆိုပါကလည်း ဆန္ဒပြချိန်ကို နှစ်နာရီသာ ခွင့်ပြုသည်ဟု ဆိုသည်။

ဆန္ဒထုတ်ဖေါ်ခွင့်ပြုရန် သြဂုတ်လ ၂၅ ရက်နေ့က ဗဟန်းမြို့နယ် ရဲစခန်းသို့ တင်ပြခဲ့ရာ တောင်းဆိုထားသည့် အချိန်၊ နေရာနှင့် အသုံးပြုမည့် ဓာတ်ပုံတို့ကို ကန့်သတ်လာခြင်း ဖြစ်သည်။

သို့သော် ထိုကန့်သတ်ချက်များ ရှိသော်လည်း ကြာသာပတေးနေ့ နေ့လည် ၁၁ နာရီတွင် တောင်သူအင်အား ၅၀ ခန့်ဖြင့် ဆန္ဒပြကြမည်ဟုလည်း ဒေါ်ဘောက်ဂျာက ပြောသည်။

၂ဝဝ၆ ခုနှစ်က ဟူးကောင်းချိုင့်ဝှမ်းအတွင်းမှ မြေဧက နှစ်သိန်းကျော်ကို ပီလောပီနံနှင့် ကြံ စိုက်ပျိုးရန်တွက်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးဌေးမြင့် ပိုင်သည့် ယုဇန ကုမ္ပဏီက သိမ်းယူခဲ့သည်။ ထိုအထဲတွင် ဖားကန့်မြို့နယ်မှ အောင်ရာ၊ ရှရုဇွပ်၊ ဘန်ကောက်၊ နမ်ဆန်၊ ဝါရာဇွပ် စသည့် ကျေးရွာများမှ လယ်မြေဧက တထောင်ကျော်လည်း အပါအဝင် ဖြစ်သည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၏ ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သည့် ဦးဌေးမြင့်မှာ ဆီအုန်းခြံ၊ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်း၊ ငါး ပုဇွန်မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်နေပြီး မြန်မာနေရှင်နယ်လိဂ်မှ Southern Myanmar ဘောလုံးအသင်း ပိုင်ရှင်လည်း ဖြစ်သည်။

No comments:

Post a Comment