Thursday, August 9, 2012

တူရကီ နိင်ငံခြားရေး ၀န်ကြီး မနက်ဖြန် ရခိုင်ကို သွားမည်

From - TheVoiceWeekly

ဆူပူ အကြမ်းဖက်မှုကြောင့် လူပေါင်း ၈၀ ကျာ် သေဆုံးခဲ့သော ရခိုင်ပြည်နယ်သို့ တူရကီ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး Ahmet Davutoglu သည် သြဂုတ်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ် အခြေအနေများကို သွားရောက် လေ့လာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက ပြောကြားသည်။“ရခိုင် ဒုက္ခသည်တွေနဲ့ လည်း တွေ့မယ်။ အစ္စလာမ် ဘာသာဝင် တွေနဲ့လည်း တွေ့သွားမယ်လို့ သိရပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။

တူရကီ နိုင်ငံခြားရေး ၀န်ကြီးသည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၀ရက်နေ့ (မနက်ဖြန်) ရောက်ရှိမည် ဖြစ်ကြောင်း၊ ယင်းနေ့တွင် ရခိုင်ပြည်နယ်သို့ နေ့ချင်းပြန် ခရီးအဖြစ် သွားရောက် လေ့လာမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုကြောင့် ဒုက္ခ ရောက်နေသူများကို ထောက်ပံ့ရန် ထောက်ပံ့ပစ္စည်းများ နေပြည်တော်သို့ ယနေ့ ရောက်ရှိနေ ပြီဖြစ်ကြောင်း ဦးဦးလှသိန်းက ဆိုသည်။
တူရကီ နိုင်ငံခြားရေး ၀န်ကြီးသည် ရခိုင်ပြည်နယ်ရှိ ဖြစ်ပွားခဲ့သော အခြေအနေများ၊ အစ္စလာမ် ဘာသာဝင်များ၏ အရေး ကိစ္စများကို ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ ၄င်းသည် မြန်မာနိုင်ငံသို့ မလာခင် Organization of The Islamic Cooperation အဖွဲ့အစည်း၏ အထွေထွေ အတွင်းရေးမှူးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးနှင့် လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ စာတစ်စောင် ပို့ထားကြောင်း တူရကီနိုင်ငံ သတင်း မီဒီယာတစ်ခုဖြစ်သော Journal of Turkish Weekly တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်ကျောက်တော်မြို့၌ သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် လူ ၇ ဦး သေဆုံးပြီး ဒုက္ခသည် ၃၅၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

No comments:

Post a Comment