Sunday, August 26, 2012

ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေး တွေ့ကြုံရသည့် အခက်အခဲများ အစိုးရ၊ ပြည်သူ လက်တွဲပြီး ရင်ဆိုင် ကျော်လွှား နိုင်ငံရေး လုပ်ငန်းစဉ်တွင် အားလုံး ပါဝင်ခွင့် ရရေး ပြုပြင် ပြောင်းလဲ၊ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် နိုင်အောင် ကြိုးပမ်းနေ တိုင်းပြည် လူမှု စီးပွား ဘဝ ဖွံ့ဖြိုးရေး လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရန်နှင့် စက်မှု နိုင်ငံ ထူထောင်ရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ  ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးသိန်းညွန့်၊ ဦးအောင်ကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မြအေးနှင့် ဒေါက်တာ ဖေသက်ခင်၊ ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့် ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီ မိနစ် ၂ဝ တွင် ရန်ကုန် တောင်ပိုင်း ခရိုင် ခရမ်းမြို့သို့ မော်တော်ယာဉ် များ ဖြင့် ရောက်ရှိ ကြသည်။
နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင် များသည် ခရမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဗြဟ္မစိုရ် ခန်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက် စေရေးအတွက် မျိုးစပါးနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက် ကြသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး  ခရိုင်နှင့်မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင် များနှင့်ဒေသခံ တောင်သူ လယ်သမား များ တက်ရောက် ကြသည်။
အခမ်းအနား တွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဦးမြင့်ဆွေက ရန်ကုန်တိုင်း ဒေသကြီး၏  အခြေခံ အချက်အလက် များ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု လျှော့ချရေး အတွက် ၂ဝ၁၂ -၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင် လျာထား ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများ၊ သြဂုတ်လ အတွင်း မိုးရွာသွန်းမှု အခြေအနေနှင့် မိုးစပါး စိုက်ပျိုး ပြီးစီးမှု၊ ရွာသွန်းသော မိုးကြောင့် ရေကြီး နစ်မြုပ်မှု အခြေအနေ နှင့် ပျက်စီး သွားသော လယ်ယာ မြေများ အချိန်မီ    ပြန်လည် စိုက်ပျိုး နိုင်ရေး အတွက် ကော်မတီ အဆင့်ဆင့် ဖွဲ့စည်း၍ ကြီးကြပ် ဆောင်ရွက်နေမှု အခြေအနေများ၊ ရေဘေး ဒုက္ခသည်များ အတွက် ကူညီ ထောက်ပံ့မှု အခြေအနေ များကို   အကျဉ်းချုပ် ရှင်းလင်း တင်ပြသည်။
ထို့နောက် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ရန်ကုန် တိုင်း ဒေသကြီး၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြ ရာတွင် ယနေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချ ရေး တွင် လယ်ယာ ကဏ္ဍသည် အဓိက အရေးပါသည့် အတွက်Quick Win ရရှိအောင် အလေးထား ကြိုးပမ်း ဆောင် ရွက်ရေး၊ နိုင်ငံတော် သမ္မတကြီး၏ ပြုပြင် ပြောင်းလဲရေး လမ်းညွှန်ချက် (၅) ရပ်နှင့် အညီ စနစ်တကျ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေး၊ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များ ရွေးချယ်ပြီး မျိုးသန့် ဇုန်များ ထူထောင်ရေး၊ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စံပြမြို့နယ် တစ်ခု သတ်မှတ်ပြီး အလေးထား ကြိုးပမ်း ဖော်ဆောင်ရေး ကိစ္စရပ်များကို  ပဏာမ ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က   ဆွေးနွေး လမ်းညွှန်    မှာကြား ရာတွင် ရေကြီး နစ်မြုပ် မှုကြောင့် အခိုက် အတန့် ဒုက္ခကြုံနေ ကြရသည့် ဒေသခံပြည်သူများအား အားပေး ကူညီ ပံ့ပိုးမှု များ ပြုလုပ်ရန် မိမိတို့ ယနေ့ လာရောက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆုံးရှုံး ပျက်စီးသွားသည့် လယ်ယာ မြေများ အတွက် မျိုးစပါးများ ပြန်လည် ဝယ်ယူ နိုင်ရေး ငွေကြေး ထောက် ပံ့ နိုင်ရန်နှင့် ရေဘေးေ ကြာင့် အခိုက်အ တန့် ဒုက္ခကြုံ နေကြရသည့်  ဒေသခံ ပြည်သူ များ အ တွက် လိုအပ်သည့် စားဝတ် နေရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ ပံ့ပိုး ကူညီ မှုများ ဆောင်ရွက် ပေးနိုင်ရန် အဓိက ရည်ရွယ်ပါကြောင်း။
ယနေ့ ကမ္ဘာ၌ ရာသီဥတု ပြောင်းလဲမှု (Climate Change) ကြောင့် သဘာဝ ဘေးများ  ယခင်ကထက် ပိုမိုကြုံတွေ့ ရင်ဆိုင် ခံစား နေကြရသည် ဖြစ်ရာ မိမိတို့ တိုင်းပြည် ၌လည်း ယခုကဲ့သို့ အထိုက် အလျောက် ကြုံတွေ့ရင်ဆိုင် နေကြရခြင်း ဖြစ်ကြောင်း၊ သို့သော် ကြုံတွေ့လာရ သည့်   ဘေးဒုက္ခ အခက်အခဲ များကို အစိုးရနှင့် ပြည်သူ ပူးပေါင်း လက်တွဲပြီး အောင်မြင်စွာ ရင်ဆိုင် ကျော်လွှား နိုင်ရန်  ကြိုးပမ်း ကြရ မည် ဖြစ်ကြောင်း။
နိုင်ငံတော် အစိုးရသည် ပြည်သူက ရွေးချယ် တင်မြှောက် ပေးထားသည့် ပြည်သူ့ အစိုးရ ဖြစ်သည်နှင့် အညီ ပြည်သူ တို့၏ လိုလားချက် ဆန္ဒများကို အကောင် အထည်ဖော် ဖြည့်ဆည်း ပေးရန် တာဝန် ရှိပါကြောင်း၊ ယနေ့ ပြည်သူ အများစုကြီး၏ တူညီသော ဆန္ဒမှာ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းပြည်၏ လူမှု စီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး တို့ပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ပြည်သူ တို့၏ အဆိုပါ ဆန္ဒ(၂)ရပ်ကို မိမိတို့ အစိုးရ အဖွဲ့၏ ရည်မှန်းချက် တာဝန် အဖြစ် သတ်မှတ်ပြီး လက်တွေ့ ကြိုးပမ်း အကောင် အထည် ဖော် ဆောင်ရွက် နေပါကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းမှု တည်ဆောက်ရာတွင် နိုင်ငံရေး အရ တည်ငြိမ်မှု ရရှိစေရေး အတွက်နိုင်ငံရေး လုပ်ငန်းစဉ်  များတွင် အားလုံး ပါဝင်ခွင့် ရရှိအောင် ပြုပြင် ပြောင်းလဲ ထိတွေ့ ဆက်ဆံမှု များ ဆောင်ရွက်နေသကဲ့သို့   တစ်ဖက် ကလည်း ပြည်တွင်း လက်နက်ကိုင်အဖွဲ့ များနှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်ေ အာင် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်  အဖွဲ့  (၁၁)ဖွဲ့ရှိ သည့်အ နက် ယခု အခါ  (၁ဝ)ဖွဲ့နှင့်  အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်များ ရယူ နိုင်ခဲ့ပြီ ဖြစ်ပြီး မကြာသော ကာ လတွင် အားလုံးနှင့် ထာဝရ ငြိမ်းချမ်း ရေး ရယူ တည်ဆောက် နိုင်အောင်   မိမိ တို့ စိတ်ရှည် သည်းခံ စေတနာ မှန်စွာဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း။
တိုင်းပြည်၏  လူမှု စီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် စက်မှု နိုင်ငံ ထူထောင်နိုင်ရန် ရည်မှန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာ ကဏ္ဍကို ပြန်ကြည့်လျှင် ယနေ့ တိုင်းပြည်ရှိ လူဦးရေ အတွက် လောက်င ဖူလုံအောင် စိုက်ပျိုး ထုတ်လုပ် နိုင်သည် မှန်သော်လည်း  အနာဂတ်တွင် တိုးပွား လာမည့် လူဦးရေ၏ စားနပ် ရိက္ခာ ဖူလုံမှုအတွက် ပါ ယခုကတည်းက ကြိုတင် မျှော်မှန်း ကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ လယ်ယာ ကဏ္ဍသည် တိုင်းပြည် ဝင်ငွေ ရ ရှိရေး အတွက် အရေးကြီးသည့် ကဏ္ဍ ဖြစ်ရာ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလေးအနက် ထားပြီးရည်မှန်း ကြိုးပမ်းကြရန် လိုကြောင်း၊ ဤဒေသတွင် လယ်ယာများ  စိုက်ပျိုး ပြီးစီးချိန်ကျမှ ယခုကဲ့သို့ ရေလွှမ်းမိုးမှု   ခံလိုက်ရသည့် အတွက် ရေကျ သွားချိန်တွင် ထပ်မံ စိုက်ပျိုးရာ၌ အချိန်ကန့်သတ်ချက် ရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူ များအနေဖြင့် မိမိတို့၏ အတွေ့အကြုံ များအပေါ် အခြေခံပြီး အဆင် အပြေဆုံး နည်းလမ်းများ ကြံဆ ဆောင်ရွက်သွား ကြရန် တိုက်တွန်း လိုပါကြောင်း။ တိုင်းပြည် ကြွယ်ဝ ချမ်းသာသည့် အဆင့်သို့   ရောက်ရှိ နိုင်ရန် အတွက် စက်မှုနိုင်ငံ ထူထောင်ရန် လိုအပ်ကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် နည်းပညာ၊ ငွေကြေး အရင်းအနှီးနှင့် လူ့စွမ်းအား အရင်းအမြစ် ဆိုင်ရာ လိုအပ်ချက်များ ရှိ နေဆဲ ဖြစ်သည့် အတွက် ယင်းလိုအပ် ချက်များကို ကျော်လွှား နိုင်ရန် ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊  စက်မှုနိုင်ငံ ထူထောင်ရာ ၌လည်း (၁) ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း များများ ရရှိနိုင်သည့် လုပ်ငန်းများ၊ (၂) ပြည်တွင်း ထွက်ကုန် ကုန်ကြမ်း ပစ္စည်း များကို တန်ဖိုးမြှင့် ကုန်ချော(Value  Added)များ ထုတ်လုပ် တင်ပို့ ရောင်းချ နိုင်စေမည့် လုပ်ငန်းများ၊ (၃)ပြည်တွင်း ထွက် သတ္တု ကုန်ကြမ်းများကို အခြေခံ သည့် Heavy   Industriesလုပ်ငန်း များ၊(၄)ITနှင့် Telecommunication ဆိုင်ရာ လုပ်ငန်းများ စသည့် အဆင့်(၄) ဆင့်ဖြင့် ရင်းနှီး မြှုပ်နှံမှုများ တိုးတက် လာအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း။
နိဂုံးချုပ် အားဖြင့် ယနေ့ မိမိ ဆွေးနွေး ပြောကြားခဲ့သည့် လုပ်ငန်းစဉ် များကို မိမိတို့ အစိုးရ တစ်ခုတည်း ဖော်ဆောင် ၍ အောင်မြင် နိုင်မည် မဟုတ်ပါကြောင်း၊ ပြည်သူအားလုံး ကပါ မိမိတို့ အစိုးရနှင့် အတူ တက်ညီလက်ညီ ပူးပေါင်း လက်တွဲ ပါဝင်ကြိုး ပမ်းဆောင်ရွက်ကြမှ သာ  မုချ အောင်မြင် နိုင်မည်ဖြစ် ပါ ကြောင်းဖြင့်   တိုက်တွန်း ဆွေးနွေး မှာကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့်   အလုပ်သမား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က  ရေကြီး နစ်မြုပ်  ဆုံးရှုံးသွား သည့် လယ်ယာ မြေ များ ပြန်လည် စိုက်ပျိုးရန် မျိုးစပါး (၁၇၈၁၈) တင်းအတွက် ထောက်ပံ့ငွေ ကျပ်(၈၉ဝ ဒသမ ၉) သိန်းကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ထံပေးအပ်သည်။
ယင်းနောက် ဒေသခံ တောင်သူ တစ်ဦးဖြစ်သည့်  ခရမ်းမြို့နယ်  ကျွဲတလင်း ကျေးရွာမှ   ဦးခင်လှိုင် က ကျေးဇူးတင် စကား ပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော် သမ္မတသည် အခမ်းအနား သို့တက်ရောက် လာကြသည့် ဒေသ ခံ တောင်သူ များ အား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ခရမ်း မြို့နယ် ရေဘေး ကယ်ဆယ်ရေး စခန်း ဖွင့်လှစ် ထားသည့် ဒက္ခိဏ ရာမ ရေကျော် ကျောင်းတိုက်သို့ ရောက်ရှိပြီး ရေဘေးသင့် ပြည်သူများ အား  ရင်းနှီး ခင်မင်စွာ   နှုတ်ဆက် အားပေးသည်။
ထို့နောက် ရေဘေးသင့် ပြည်သူ များအတွက် ငွေကျပ်သိန်း (၁ဝဝ)၊ ဆန်နှင့် စားသောက် ဖွယ်ရာ များ၊ ထောက်ပံ့ရေး ပစ္စည်းများနှင့် ကျောင်းသုံး ဗလာ စာအုပ်များကို ပေးအပ်ပြီး ကူညီ ထောက်ပံ့ လှူဒါန်း ထားသည့် ထောက်ပံ့ရေး ပစ္စည်းများကို ကြည့်ရှု စစ်ဆေးသည်။      ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရေဘေးသင့် ပြည်သူများ အတွက်  လူမှု ဝန်ထမ်း၊ ကယ်ဆယ်ေ ရးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနက ယခုလ အတွင်း ထောက်ပံ့ ပြီးစီးမှုမှာ ဆန်ဖိုး ထောက်ပံ့ငွေကျပ် (၂၇ ဒသမ ၈)သိန်း နှင့် ငွေကျပ်(၄၅၄ ဒသမ ၂၉)သိန်း တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၈)မျိုး စုစုပေါင်း ငွေ ကျပ် (၄၈၂ ဒသမ ၁) သိန်းကျော်ဖိုး   ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည် ဒက္ခိဏရာမ ရေကျော် ကျောင်းတိုက် ဦးစီး ပဓာန နာယက ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ သုမနအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ် များဖြင့်  ရန်ကုန်မြို့သို့ပြန် လည် ရောက် ရှိ ကြ သည်။       

No comments:

Post a Comment