From -7DayNewsJournal
အင်းစိန်ပန်းခြံအနီးတစ်ဝိုက်ရှိ ပျံကျဈေးသည်များ ဈေးရောင်းချခွင့်
တားဆီးခံရသောကြောင့် အဆိုပါနေရာတွင် ဈေးသည်နှစ်ဆယ်ကျော် ယနေ့(သြဂုတ် ၆
ရက်) မွန်းလွဲ ၃ နာရီမှ ၅ နာရီထိ
နှစ်နာရီခန့်အကြာ ဆန္ဒဖော်ထုတ်ခဲ့ရာ ဈေးသည် ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ
စစ်ဆေးနေကြောင်း အင်းစိန် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြော သည်။``ယောက်ျားနှစ်ယောက်နဲ့ အမျိုးသမီး ကိုးယောက် ကို ခေါ်စစ်နေပါတယ်။ သူတို့ကို
စစ်ဆေးနေဆဲပါ။ စစ်ဆေးပေါ်ပေါက် ချက် အရ ဗိုလ်ကြီးတို့ စခန်းမှူးတို့က
အရေးယူပါလိမ့်မယ်´´ဟု ယနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ၄င်းကပြောသည်။ပျံကျဈေးသည် ၃၉ ဦးအနက် ၂၀ ကျော်သည် ``ဈေးသည် ဈေး မရောင်းရ၍ အလှူခံနေသည်၊
စေတ နာ ရှင် များ ကူညီပါ´´ စာတန်းအား ကတ်ထူ စက္ကူများပေါ်တွင်
ရေးသား ကိုင်ဆောင် ကာ ပလက်ဖောင်းပေါ်တွင် တောင်းခံနေကြခြင်းဖြစ်သည်။
မိမိတို့သည် ဆန္ဒပြခြင်းမဟုတ်၍ ဆန္ဒပြခွင့် တောင်းမထားကြောင်း ပြောဆိုသည်။
ဓာတ်ပုံ-ဥက္ကာကိုကို
No comments:
Post a Comment