Sunday, August 5, 2012

ကချင်ပြည်နယ်မှ ဒေါက်တာမနာမ်တူးဂျာ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားမည်ဟုဆို

 From - မြန်မာပို့စ်ဂျာနယ်
သြဂုတ် ၃

နိုင်ငံရေးအရ သဘောထား တိုက်ဆိုင်သူများနှင့်ပူးပေါင်းပြီး မ ကြာမီကာလအတွင်း နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားမည် ဟု ဒေါက်တာမနာမ်တူးဂျာကမြစ် ကြီးနားမြို့၊ ယုဇန ရပ်ကွက်ရှိသူ ၏ နေအိမ်တွင်တွေ့ဆုံစဉ်ပြောကြား သည်။


ဒေါက်တာမနာမ်တူးဂျာသည် ၁၉၉၄ ခုနှစ်၊ တပ်မတော်အစိုးရနှင့် ကေအိုင်အို၊ ကေအိုင်အေ တို့အပစ
် အခတ်ရပ်စဲရေးသဘောတူညီမှုရရှိ ပြီး အမျိုးသားညီလာခံသို့တက် ရောက်ခဲ့သည့် ကေအိုင်အို၊ ကေ အိုင်အေ၊ ထိပ်ပိုင်းခေါင်းဆောင်များ ထဲမှ တစ်ဦးဖြစ်သည်။ အမျိုးသား ညီလာခံပြီးဆုံးသည့်အခါ ဒေါက် တာမနာမ်တူးဂျာသည် ကေအိုင်အို မှ နှုတ်ထွက်အနားယူခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန် Kachin State Progressive Party (KSPP) ကိုတည်ထောင်ခဲ့ သည်။ သို့သော် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ရွေးကောက် ပွဲစတင်ကျင်းပသည့်နေ့အထိ မည် သို့မျှအကြောင်းပြန်ကြားခြင်းမရှိသ ဖြင့် ပါဝင်အရွေးချယ်ခံပိုင်ခွင့်မရရှိ ခဲ့ပေ။
၂၀၁၂ ဧပြီလကြားဖြတ်ရွေး ကောက်ပွဲတွင် ကချင်ပြည်နယ်၊ မိုး ကောင်းမြို့နယ်တွင် လစ်လပ်သည့် ပြည်သူ့လွှတ်တော်မဲဆန်္ဒနယ်တွင် တစ်သီးပုဂ်္ဂလိက ကိုယ်စားလှယ် အဖြစ်ပါဝင်အရွေးချယ်ခံရန်မိုးညှင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းတင်သွင်းခဲ့ရာ ကော် မရှင်ကလက်ခံခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲတွင် မိုးကောင်းမြို့ နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန်ယှဉ် ဘက်ပါတီကိုယ်စားလှယ်များနှင့် အကြိတ်အနယ်မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နေစဉ် ကော်မရှင်ကရွေး ကောက်ပွဲကိုရွှေ့ဆိုင်းခဲ့သည်။
ဒေါက်တာမနာမ်တူးဂျာက ပြောကြားရာတွင် ယခင် KSPP ကို အခြေအနေအချိန်အခါအရခွင့်မပြု ခဲ့သော်လည်း နာမည်သစ်ဖြင့်ဖွဲ့ စည်းတည်ထောင်မည့်ကချင်ပြည် နယ်မှ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် သက်ဆိုင်ရာကခွင့်ပြုမည်ဟုမျှော် လင့်ကြောင်း သုံးသပ်ပြောကြား သည်။
ဆလိုင်း-မာန်ငိုင်း

No comments:

Post a Comment