Wednesday, August 8, 2012

မြန်မာ စစ်တပ် မှ လှိုင်ဇာကို တင့်ကားများဖြင့်ထိုးစစ်ဆင်ပြီ

 From - Lachid Kachin facebook
 
(သြဂုတ်လ၊ ၈၊ ရက်)
 KIA, တပ်မဟာ (၅)ဒေသ၊ ဂျာဘူရွာ တွင်စစ်အင်အား လာရောက်စုဆောင်းထားသော မြန်မာ အစိုးရ စစ်တပ်၊ စစ်ကြောင်းများ သည် ယနေ့ နံနက်ပိုင်းတွင် ဂျာဘူရွာ မှ ဂန်ဒေါင်ယာန် ဘက်သို့ ထိုးစစ်ဆင် ကျူးကျော်ဝင်ရောက်လာ သော ကြောင့်KIA, တပ်မဟာ (၅)အုပ်ချုပ်နယ်မြေဖြစ်သော ဂျာဘူရွာ နှင့် ဂန်ဒေါင်ယာန် တွင် မြန်မာ အစိုးရ စစ်တပ်နှင့် KIA တပ်မဟာ (၅) တပ်ဖွဲ့ ၀င်တို့ ကြား ယနေ့နံနက်ပိုင်း (၈.၈.၂၀၁၂)မှ စတင်၍ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေပြီဖြစ်ကြောင်း သိရှိရပါသည်။ ၄င်းမြန်မာ အစိုးရ စစ်ကြောင်းသည် KIO, ဋ္ဌာနချုပ်ဖြစ်သော လှိုင်ဇာမြို့၊ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ရန်အတွက် စစ် တင့်ကား၊သံချပ်ကာ ကား တို့ ဖြင့် ထိုးစစ်ဆင် ချီတက်တိုက်ခိုက်နေ သည်ဖြစ်ကြောင်းကိုလဲ ထပ်မံသိရှိရပါသည်။

No comments:

Post a Comment