Wednesday, August 29, 2012

မဆင်မခြင်ယာဉ်မောင်းအခုတော့…….

  မကွေးခရိုင်တောင်တွင်းကြီးမြို့ နယ်ဆက်သွားရဲစခန်း ပိုင်အောင်သု ခကျေးရွာ အနီးတောင်တွင်း-ပြည်-ရန်ကုန်ကား လမ်းမကြီးပေါ် တွင်ဆိုင်ကယ်ပေါ်မှ အမျိုးသမီးကြီးတစ်ဦးပြုတ် ကျ ကြောင်းသတင်း ရရှိသည် ။ဖြစ်စဉ်မှာ ၂၄-၈-၂၀၁၂ရက်နေ့  နေ့ လည်၂နာရီ၃၀ အချိန် ခန့် က ဆက်သွားရဲစခန်းပို င်အောင်သုခ ကျေးရွာအနီးေ တာင်တွင်း -ပြည်-ရန်ကုန် ကားလမ်းမကြီးမိုင်တိုင်အမှတ် ၂၇၆/၆နှင့် ၂၇၆/၇ အကြားပင်တိုင်အုပ်စုဂုံမင် ကျေးရွာနေကိုဇော်(ခ)မျိုးဇော်ဦး ၃၂နှစ်(ဘ)ဦးလှမြိုင်ဈေးရောင်းသည် ၂၁ယ/၂၈၇၉ကန်ဘို အမျိုးအစား ၁၁၀အစိမ်းရောင်ဆိုင်ကယ် အား နောက်မှမိခင်ဖြစ်သူဒေါ်ခင်ကြည် ၆၇နှစ်(ဘ)ဦးထွန်းစိန် တောင်သူအား ဆိုင်ကယ်နောက်မှ တင်၍ချောင်းနက်ဘက်မှ တောင်တွင်းကြီးမြို့ ဘက်သို့ ဦးတည်စီးနင်းလာစဉ် မိခင်ဖြစ်သူဒေါ်ခင်ကြည်မှာ ဆိုင်ကယ်ပေါ်မှရုတ်တရက်ပြုတ်ကျပြီး ဦးခေါင်းနောက်စေ့ ဖုရောင်ဒဏ်ရာ၁ချက်၊ ညာဘက်နားရွက် မှသွေးထွက် ဒဏ်ရာ ရရှိသဖြင့် နေပြည်တော်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ဆေးကု သစဉ်တောင် ညိုကျေးရွာအနီးသို့  ရောက်ရှိချိန်တွင်သေ ဆုံးသွားကြောင်း ၂၄-၈-၂၀၁၂ရက်နေ့ ည၁၀နာရီ၃၀မိနစ်အချိန် ဂုံမင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးအုန်းသန်းက ဆက်သွားရဲစခန်း သို့ ဖုန်းဖြင့်သတင်းပေးပို့ ခဲ့သည်ဆို၏၊
အဆိုပါသတင်းရလျှင်ရခြင်းအခင်းဖြစ်အရပ်သို့ ဆက်သွားရဲစခန်းမှ ရဲအုပ်စခန်းမှုးထွန်းထွန်းအောင် ဦးစီးသောရဲတပ်ဖွဲ့ ဝင်များမှ သွားရောက်စစ်ဆေးပြီးဆိုင်ကယ်အား မဆင်မခြင်စီးနင်း သူကိုဇော်(ခ) မျိုးဇော်ဦးအားဆက်သွားရဲစခန်းမှ (ပ)၁၃၄/၂၀၁၂ပြစ်မှုပုဒ်မ ၃၀၄(က)ဖြင့်၎င်းနေ့ ည၁၁နာရီ၂၀မိနစ် အချိန်အမှုဖွင့်အရေးယူထားပြီးအမှုစစ်ဒုရဲအုပ် ဇော်ခိုင်ထူးမှအမှုအား ဆက်လက် စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသတင်းရရှိသည်။

No comments:

Post a Comment