Thursday, August 23, 2012

နိုင်ငံတော် ဖွဲ့စည်းပုံခုံရုံးအဖွဲ့အား ဆုံးဖြတ်ချက်မှာ မှားယွင်း ခဲ့ကြောင်း ကြေညာပေး ရန် ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီး အဆိုအဖြစ် တင်သွင်း



နိုင်ငံတော် ဖွဲ့စည်းပုံခုံရုံးအဖွဲ့မှ ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်မှာ မှားယွင်း ခဲ့ကြောင်း ကြေညာပေး ရန်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး က ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီး အဆိုအဖြစ် တင်သွင်း ခဲ့ကြောင်း သိရသည်။အဆိုပါ အရေးကြီး အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်များ ဆွေးနွေးနိုင်ရန် တင်္နလာနေ့ နောက်ဆုံး ထား ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့မှ လွှတ်တော် အသီးသီးမှ ကော်မတီ ကော်မရှင်များ သည် ပြည်ထောင်စု အဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည့် အပေါ် အဆိုပါ ဆုံးဖြတ်ချက်သည် မှားယွင်းစွာ ဆုံးဖြတ်မိခြင်း ဖြစ်ကြောင်းကို ကြေညာချက် ထုတ်ပြန်ပေး ရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုအား ယနေ့ ကျင်းပနေသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး နောက်ဆုံး အစီအစဉ်အဖြစ် တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ အရေးကြီး အဆိုအား ပျော်ဘွယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးမြင့်စိုးက တင်သွင်းခြဲု့ပီး ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ စိုးယဉ် က ထောက်ခံခဲ့သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားဆန္ဒရယူပြီး မဲခွဲဆုံးဖြတ်ခဲ့ ရာ ထောက်ခံသူ သုံးပုံ နှစ်ပုံ ခန့်ရှိသည့် အတွက် အဆိုပါ အဆိုမှာ ဆက်လက်ဆွေးနွေး ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
From -YangonMediaGroup

No comments:

Post a Comment