Friday, August 24, 2012

ကွမ်းတစ်ရာ၏ တန်ဖိုးနှင့် စားသုံးသူဦးရေ မြှောက်လိုက်ပါက ရရှိမည့်ငွေကြေးသည် မြန်မာနိုင်ငံတော်တွင် အထွေထွေရောဂါကု ဆေးရုံကြီးတစ် ရုံ တည်ဆောက်နိုင်တဲ့ ငွေကြေးပမာဏရှိကြောင်း လွှတ်တော်မှာပြော

မြန်မာနိုင်ငံ၏ မြို့တော်များအား သန့်ရှင်းလှပသည့် နိုင်ငံတကာအဆင့်မီ မြို့တော်များ ဖြစ်အောင် ကွမ်းစားသူများ ကွမ်းတံတွေး ထွေးရာတွင် စည်းကမ်းရှိလာစေရန် မည်ကဲ့သို့ စီမံချက်များ စတင် ချမှတ်ဆောင်ရွက်မည်ကို သိလိုသည့်နှင့်စပ်လျဉ်းသ ည့် မေးခွန်းဦးမြင့် သူ(ဒဂုံမြို့သစ်အေ ရှ့ပိုင်းမဲဆန္ဒနယ်)။ ကျွန်တော့်အ‌နေနဲ့ မေးခွန်းမမေးမီ ကြိုတင် တင်ပြချင်တာကတော့ ကွမ်းစားခြင်းအား နှစ်ခြိုက်စွာစား
သုံးနေကြသည့် လွှတ်တော်ကိုယ်စားလှယ်ကြီး များနှင့် ပြည်သူများ၊ ကွမ်းယာရောင်းစားနေတဲ့ စီးပွားရှာစားနေတဲ့လူပုဂ္ဂိုလ်များအား ရည်ရွယ်ခြင်း မဟုတ်ပါကြောင်း။ ကွမ်းစားပြီး ကွမ်းတံတွေးများကို ပစ်စလတ်ခတ်ထွေးကြသည့် လူများအား ဒီမိုကရေစီနိုင်ငံတော်ကြီးမှာ ဒီမိုကရေစီကျကျ စည်းကမ်းရှိရှိ ကွမ်းတံတွေး ထွေးနိုင်ဖို့ အသိပေးခြင်း၊ နှိုးဆော်ခြင်း ဖြစ်ပါတယ်။ ဆရာတော်ကြီးတစ်ပါးက တရားပွဲမှာ ဆုံးမဟောကြားဖူးပါတယ်။ မြန်မာ ပြည်မှာ ကွမ်းစားသုံးသူ ဦးရေ များပြားနေသည့်အတွက် ကွမ်းတစ်ရာ၏ တန်ဖိုးနှင့် စားသုံးသူဦးရေ မြှောက်လိုက်ပါက ရရှိမည့်ငွေကြေးသည် မြန်မာနိုင်ငံတော်တွင် အထွေထွေရောဂါကု ဆေးရုံကြီးတစ် ရုံ တည်ဆောက်နိုင်တဲ့ ငွေကြေးပမာဏရှိကြောင်း သတိပေးပြောကြားလိုပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး လူမျိုးအညွန့် တုံးမှုပပျောက်စေရန် စီမံချက်ချမှတ်၍ ကျန်းမာရေးအရ ဆေးရွက်ကြီး သောက်သုံးမှုအတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ နှစ်စဉ် ကမ္ဘာ့ဆေးရွက်ကြီးများ တိုက်ဖျက်ရေးနေ့အဖြစ် ကျင်းပပြုလုပ်လေ့ရှိပါ တယ်။ မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျသည့် အဓိက မြို့တော်ကြီးများ ဖြစ်သော ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များနှင့်အခြားမြို့ကြီးများတွင် ဆေးလိပ်သောက်သုံးခြင်းအား နေရာ သတ်မှတ်၍ လည်းကောင်း၊ ခရီးသွားပြည်သူများ စီးနှင်းလိုက်ပါသော ဘတ်စ်ကားပေါ်တွင်လည်း ကောင်း၊ အထက်တန်း၊ အလယ်တန်းကျောင်းများအနီးတွင် ဆေးလိပ်ကင်းမဲ့ဇုန်များအဖြစ် သတ်မှတ်၍ လွန်ခဲ့သည့် ၂၀၀၀ ခုနှစ်မှစ၍ လူထုလှုပ်ရှားမှုအသွင်အဖြစ် ဆေးလိပ်သောက်သုံးမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရမှ စည်းကမ်းချက်များချမှတ်ကာ အသိပညာပေးထားပြီး ဖြစ်သဖြင့် လိုက်နာဆောင် ရွက်နေသည်ကို ဝမ်းမြောက်စွာတွေ့နေရပြီး ဖြစ်ပါတယ်။ ယခုအခါ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး အတွက် မြန်မာနိုင်ငံ မြို့တော်များတွင် ကွမ်းစားသုံးမှုများပြားလာပြီး ကွမ်းတံတွေးများအား စည်းကမ်းမဲ့ အလွန်ညစ်ပတ်စွာ နေရာတိုင်း ထိန်းသိမ်းမှုမရှိဘဲ လမ်းဘေးပလက်ဖောင်းများတွင်လည်းကောင်း၊ အများသုံးဘတ်စ်ကားများ ပေါ်မှလည်းကောင်း၊ အငှားယာဉ်များပေါ်မှလည်းကောင်း ကွမ်းစားသုံးသူ များသည် ကွမ်းတံတွေးများအား ပစ်စလက်ခတ်ထွေးနေသည်ကို အများပြည်သူများ ကြုံတွေ့ခံစားနေ ရပါတယ်။ ယခုအခါ မြို့တော်ကြီးများမှာ ပြင်ပမှ အလည်အပတ်ရောက်ရှိနေသော နိုင်ငံခြားသားများ နှင့် ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ကျင်းပမည့် အာရှအားကစားပြိုင်ပွဲကြီးများတွင် ကြိုတင်ပြင်ဆင်နိုင်ရန် အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများ အလွန်အရုပ်ဆိုးအကျည်းတန်နေသည့် ညစ်ပတ်နေသော မြင်ကွင်းများကြောင့် ဂုဏ်သိက္ခာကျဆင်းနေသည်ကို မြင်တွေ့နေရသဖြင့် မြန်မာနိုင်ငံ၏ မြို့တော်အား သန့်ရှင်းလှပသော နိုင်ငံတကာအဆင့်မီ မြို့တော်ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်းနှင့် ယခုလို ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီရနေသည့် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဒီမိုကရေစီကျကျ စည်းကမ်းရှိစွာ ကွမ်းတံတွေးများ ထွေးတတ်နိုင်ဖို့အတွက် တင်ပြရခြင်း ဖြစ်ပါသည်။ သို့ပါ၍ ကျွန်တော် မေးလိုတဲ့မေးခွန်းကတော့ ကွမ်းစားသုံးသူများ ကွမ်းတံတွေး ထွေးရာတွင် စည်းကမ်းရှိလာ စေရန်နှင့် နိုင်ငံတော်မှ ဥပဒေအရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း မည်ကဲ့သို့ ဆောင်ရွက် ထားခြင်းရှိ၊ မရှိ။ အစီအစဉ်ရှိပါကလည်း မည်ကဲ့သို့ ရေရှည်စီမံချက်များ မည်သည့်အချိန်တွင် စတင် ဆောင်ရွက်အကောင်အထည်ဖော်မည့်ဆိုတာ သိလိုပါကြောင်း မေးမြန်းတင်ပြရခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment