Monday, August 13, 2012

မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၂

အကြောင်းအရာ။      ။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် MJA ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု

၁။ သြဂုတ် ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်း ကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းက လက်မခံနိုင်သည့် အချက် များ ကို ပြင် ဆင် ပြောင်းလဲရန်နှင့် ထိုသို့ ပြင်ဆင်ပြောင်း လဲခြင်းမပြုပါက မြနိ မာနိုင်ငံသတင်းစာ ဆရာ အသ င်းကို ကိုယ် စာြး ပုသော ကိုယ်စားလှယ်များသည် အမြုတေစာနယ်ဇင်းကောင်စီတွင် ပါဝင်တော့ မည်မဟု တ်ေ ကြာင်း ၁၁ သြဂုတ် ၂၀၁၂ နေ့ကကျင်းပခဲ့သည့် မြန်မာနိုင်ငံ သတင်းစာ ဆရာအသ င်း နိုင်ငံလုံးဆိုင်ရာ ညီ လာ  ခံတွင် အတည်ပြုခဲ့ပါသည်။

၂။ ထိုနေ့ ညနေတွင် စာပေစိစစ်ရေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ MJA ညီလာခံ ကျင်းပရာ ယုဇနဂါးဒင်းဟိုတယ်သို့ လာရောက်ပြီး ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက MJA ကိုယ်စားလှယ်များအား ဆွေးနွေးလိုကြောင်း ဖိတ်ကြားသဖြင့် ၁၂၊ ၈၊ ၂၀၁၂ နေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဗဟိုပုံနှိပ်တိုက်ခန်းမတွင် တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံရာတွင် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူအချို့ပါဝင်ပါသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ နာယက  ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဥက္ကဌ ဦးစိုးသိမ်း (မောင်ဝံသ)၊ ဒုဥက္ကဌ-၁ ဦးကိုကို၊ ဒုဥက္ကဌ-၂ ဦးသီဟစော၊ နိုင်ငံခြားဆက်ဆံရေးမှူး ဦးအောင်လှထွန်း စုစုပေါင်း ၅ဦး တက်ရောက်ခဲ့ပါသည်။
၃။ MJA ဘက်မှ ဆွေးနွေးချက်များမှာ MJA သဘောထားကြေညာချက်တွင် ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်သည့် ပြင်ဆင်ဖြုတ်ပယ်ပေးရန် စာပိုဒ်နှင့်စာသားများကို ကျိုးကြောင်းဖော်ပြပြီး ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ပါသည်။
ပြင်ဆင်ပြောင်းလဲပေးရန် တောင်းဆိုထားသော စာပိုဒ်၊ စာသားများကို ပြင်ဆင်ပြောင်းလဲပေးရန် နှင့် အမြုတေစာနယ်ဇင်းကောင်စီတွင် အခြားအမျိုးအစားများက များနေပြီး အဓိကကျသည့် သတင်းစာဆရာအရေအတွက်နည်းနေခြင်းကို တိုးမြှင့်ပေးရန် MJA အဖွဲ့က တင်ပြခဲ့ပါသည်။ ထို့ပြင် စာနယ်ဇင်းကျင့်ဝတ်ရေးဆွဲရန်တာဝန်ရှိသည့် အဖွဲ့တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် စပ်လျဉ်းပြီး မေးခွန်းထုတ်ဖွယ် ဖြစ်နိုင်သူ(သို့)ဖြစ်နိုင်သူများ မပါဝင်သင့်ကြောင်း တင်ပြခဲ့ပါသည်။
၎။ MJA ကိုယ်စားလှယ်များ မပါဝင်တော့သဖြင့် အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားပြီး MJA နှင့် ဆွေးနွေး ပြီးပြတ်သည်အထိေ စာင့်ဆိုင်းမည်ဟု ပြန်ကြားေ ရးဝန်ကြီးကပြောကြားပါသည်။ အမြုတေစာနယ်ဇင်းကောင်စီ လုပ်ငန်းလည်ပတ်နိုင်ချိန်အထိ စာပေစိစစ်မှုများ ဆက်ရှိနေဦးမည်ဟု သိရပါသည်။
၅။ MJA ကိုယ်စားလှယ်များက ပြန်ကြားရေးဝန်ကြီးဌာနမှ အမြုတေစာနယ်ဇင်းကောင်စီနှင့် စပ်လျဉ်းပြီး နောက်ထပ် ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုလျှင် မိမိတို့အား  ကြိုတင် အသိပေးရန် ပြောကြားခဲ့ပါသည်။
၆။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် MJA ကိုယ်စားလှယ်များ ဆွေးနွေးပွဲ ထူးခြားလျှင် ဆက်လက်သတင်းထုတ်ပြန်ပါမည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
၁၃ သြဂုတ် ၂၀၁၂

No comments:

Post a Comment