Thursday, August 23, 2012

မုံရွာမှာ လယ်သမားတွေ ဘာဖြစ်နေသလဲ?





မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်လမ်းလျှောက်လာသော ကြေးနီစီမံ ကိန်း ဒေသ ခံ လယ်သမားများ၊ ဓာတ်ပုံ- OpenSociety Monywa
စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းေ တာင်းတောင် ကြေးနီစီမံကိန်းဒေသမှ လယ်ယာမြေ သိမ်းယူခံ ထားရတဲ့ ဒေသခံရွာသားများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များအကြား တင်းမာမှု များ မြင့်တက်နေပါတယ်။



ယနေ့ နံနက်က ဒေသခံ လူအင်အား ၅၀၀ ကျော်ကလည်း ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကို ချီတက်သွားခဲ့ရာ လုံခြုံရေးအင်အားများဖြင့် ဆားလင်းကြီးမြို့မှ ၃ မိုင်ခန့် အကွာရှိ ဥသျှစ်ပြာ ကျေးရွာ အနီး တားမြစ်ခံ ခဲ့ ရပါတယ်။



အခြေအနေတွေက ရွာသား ရာနဲ့ချီ လမ်းလျှောက်ချီတက်လာတော့ ဒေသ အာဏာပိုင်တွေက ကျေးရွာ ၁၁ ရွာက ကိုယ် စားလှယ် ၂ ဦးစီနဲ့ပဲ ဆွေးနွေးမယ်ဆိုပြီး လူစုကို ပြိုကွဲအောင် လုပ်ခဲ့ပါတယ်။

ဆွေးနွေးမယ်ပြောတဲ့ လယ်သမား ကိုယ်စားလှယ်တွေနဲ့ အာဏာပိုင်တွေက မဆွေးနွေးခဲ့ဘဲ လယ်သမားတွေ ကို ကူညီပေး နေတဲ့ ပြည်သူ့ ကွန်ရက်က ကိုဝေဠုနဲ့ဘဲ တွေ့ပြီး ကိုဝေဠုက လယ်သမားတွေ ကိုယ်စား မေးခွန်း ထုတ်တာတွေလည်း ဘာမှ မယ်မယ်ရရ မဖြေခဲ့ဘူး။

အုပ်ချုပ်ရေမှူး ဦးဇော်မိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော် ဒု ဥက္ကဌ ဦးသောင်းစိန်၊ တိုင်းဒေသကြီး အစိုးရ သတ္တုတွင်း ၀န် ကြီး ဦးသန်းထိုက်၊ ဦးပိုင်ကုမ္ပဏီ ဌာနကြီးမှူး ဦးဝင်းကြည်၊ တိုင်းဥပဒေအရာရှိ ဦးတင်ဦးနဲ့ တရုတ် ကုမ္ပဏီမှ တာဝန်ရှိသူ တွေက ကိုဝေဠုနဲ့ ဆွေးနွေးခဲ့တာလည်း လျော်ကြေးကိစ္စ ပြီးပြတ်တဲ့ သဘော ပြောလိုက်ပါတယ်။

“ဒီနေ့ လယ်သမား ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမယ်ဆိုပြီး ကျနော်နဲ့ပဲ ဆွေးနွေးဖြစ်တယ်။ သူတို့က ပုံတွေထုတ်ပြပြီး ဒီကိစ္စ တာဝန်ယူ ဖြေရှင်းပြီးဖြစ်တယ်လို့ ပြန်ပြောတယ်၊ သူတို့ကို ဘယ်လို ဘ၀ အာမခံချက်ရှိတဲ့ လျော်ကြေးပေးဖို့ကိစ္စ ကျနော်က မေးတယ်။ သူတို့အနေနဲ့က လျော်ပြီးဖြစ်တယ်ဆိုတဲ့ အခြေအနေမျိုး ပြန်ပြောတယ်” လို့ ပြည်သူ့ အကျိုးဆောင် ကွန်ရက် တာဝန်ခံ ကိုဝေဠုက ဧရာဝတီ ကို ပြောပါတယ်။

လယ်သမားတွေကတော့ ဘ၀တွေပျက်၊ တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်တို့ကတော့ ဒါတွေကို ထည့်မတွက်ခဲ့လို့ လယ်သမားတွေ လမ်းတလျှောက် အပင်ပန်းခံ လမ်းလျှောက်ပြီး မြို့တက်ပြီး အဖြေရချင်လို့ ဆွေးနွေးဖို့ လာတာလည်း သူတို့ မစဉ်းစားကြပါဘူး။

အပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာက ကြေးနီစီမံကိန်း လယ်သိမ်းခံ ရွာသားများနှင့် အာဏာပိုင်များ အကြား တင်းမာ ဆိုတဲ့ သတင်းမှာ ဖတ်ရှု့နိုင်ပါတယ်။

အခု ရုပ်သံလင့်လေးမှာတော့ ဒီလယ်သမားတွေ ဘယ်လို စိတ်အားထက်သန်စွာနဲ့ သူတို့ ၀မ်းရေး အဓိက ပံ့ပိုးပေးခဲ့တဲ့ လယ်ယာမြေဆုံးရှုံးသွားတဲ့အပေါ် ဘယ်လောက်ခံစားနေကြရမလဲ သိနိုင်မြင်နိုင်ပါတယ်။ သြဂုတ်လ ၂၂ ရက် မြင်ကွက် တပိုင်းတစပါ။



ဒေသခံ လယ်သမားတွေက ဇွန်လဆန်းက လည်း ဆန္ဒပြခဲ့ကြပါတယ်။ သူတို့မြေတွေနဲ့ ဘ၀တွေကို တရုတ် ကုမ္ပဏီ လုပ်ပိုင်ခွင့်တွေနဲ့ လဲလှယ်လိုက်တဲ့အပေါ် မကျေနပ်သံတွေကိုလည်း မုံရွာ လယ်သမားတွေက ရင်ဖွင့် ထားကြပါတယ်။

From -ဧရာဝတီ

No comments:

Post a Comment