Wednesday, August 29, 2012

မြစ်ဝကျွန်းပေါ်ရေကြောင်းများအား အောက်တိုဘာ(၁)ရက်တွင် ပုံမှန်ပြေးဆွဲမည်

ခေါက်ရေလျှော့ချပြေးဆွဲနေသော ခရီးစဉ်လိုင်းများနှင့် ယာယီရပ်ဆိုင်း ထားသော ခရီးစဉ်လိုင်းများအား အောက်တိုဘာ(၁)ရက်နေ့မှ ပုံမှန်အတိုင်းပြန်လည်ပြေး ဆွဲ ပေးမည်ဖြစ်ေ ကြာင်း ပြည်တွင်းေ ရကြောင်း (မြစ်ဝကျွန်းပေါ်ဌာနခွဲ)က သိရသည်။
ပြည်တွင်းရေကြောင်းခရီးစဉ်များ  ခေါက်ရေလျှော့ချခြင်းနှင့်  ယာယီ ရပ်နားထားခြင်းများကို  သြဂုတ် လ ပထမ ပတ်အတွင်းက  စတင်ခဲ့ ခြင်းဖြစ်ပြီး  အောက်တိုဘာလတွင်  ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

''ခါတိုင်းနှစ်တွေ ဒီလိုမဖြစ်ဖူးဘူး။  ဒီနှစ်ကျတော့မိုးလည်း အရမ်းများတယ်။  ခရီးသည်လည်းနည်းတယ်။ ကုန်စည်အမှာစာတွေလည်း သိပ်မရတော့ ကုန်လည်းမတင်နိုင်ဘူး။ ဒီတော့ဌာနအနေနဲ့ အရှုံးသက်သာ
အောင်လို့  လိုင်း(၂)ခုထပ်နေတဲ့   ရန်ကုန်-မြောင်းမြ ခရီးစဉ်ကို   ယာယီရပ်နားထားပြီး တချို့လိုင်းတွေကို လည်း   ခေါက်ရေလျှော့ထားတယ် '' ဟု ပြည်တွင်းရေကြောင်းလိုင်း (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

မြစ်ဝကျွန်းပေါ်ဒေသများသို့   ခရီးသွားလာရာတွင်   ရေလမ်းခရီးအားကိုးမှုများသဖြင့် ယခုကဲ့သို့ခေါက်ရေ
လျှော့ပြေး ဆွဲခြင်းကြောင့် ပြည်သူများမှာ   အခက်အခဲဖြစ်လျှက်ရှိကြောင်း  ဒေသခံများက ဆိုသည်။

''နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့။ ရန်ကုန်-မြောင်းမြသင်္ဘောကို  ခဏရပ်ထားတော့ ရန်ကုန်-ပုသိမ်သင်္ဘော ပဲ စီးနေရတယ်။  လူတော့နည်းနည်းကြပ်တယ်။  ကုန်တွေလဲပါတယ်ဆိုတော့လေ။ (၁)ရက်နေ့ပြန်ဖွင့်ပေးမယ်လို့တော့  ပြောနေကြတာပဲ'' ဟု ရန်ကုန်မှမြောင်းမြသို့  ခရီးသွားလာနေသူ ဦးချစ်နိုင်ကပြောသည်။   

ရန်ကုန်-ဖျာပုံခရီးစဉ်လက်မှတ်ခမှာ   ရိုးရိုးတန်း(၁ဝဝဝ)ကျပ်၊   အထက်တန်း (၃၅ဝဝ)ကျပ်၊   ရန်ကုန်-ဘိုကလေး  ခရီးစဉ်လက်မှတ်ခ မှာ ကုန်းပတ် (၁ဝ၅ဝ)ကျပ်၊ ဦးခန်းမှာ (၁၆၁ဝ) ကျပ်၊ ရန်ကုန်-မြောင်းမြ ခရီးစဉ် လက်မှတ်ခမှာ ကုန်းပတ် (၁၆၂ဝ)ကျပ်၊  ဦးခန်းမှာ (၄ဝ၅ဝ)ကျပ်နှုန်းဖြစ်ကြောင်းသိရသည်။  

''ကျွန်တော်တို့အနေနဲ့ကတော့  မိုးတွင်းဖြစ်ဖြစ်၊  နွေဖြစ်ဖြစ် ခရီးစရိတ်လည်းသက်သာတဲ့ သဘောင်္ကို အား
ကိုးနေရတာ။   ရေကြီးနေတာတွေလည်းဖြစ်နေတော့  ပြည်တွင်းရေကြောင်းတွေ  ရပ်နားထားကြတော့ သွားလာမှုနည်းနည်း  အခက်အခဲဖြစ်ရတယ်''ဟု   ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ကုန်သည် ဦးမြင့်ထွန်း က ပြောသည်။

ရန်ကုန်-ဖျာပုံခရီးစဉ်အား  နေ့စဉ်ပုံမှန်  ပြေးဆွဲနေရာမှတစ်ပတ်လျှင်   တနလာင်္နှင့် ကြာသပတေး နှစ်ရက်၊ ရန်ကုန်-ဘိုကလေး ခရီးစဉ်အား   ပုံမှန်တစ်ပတ်လျှင် (၂)ရက်ပြေးဆွဲနေရာမှ    တနလာင်္တစ်ရက် သို့
လျှော့ချပြေးဆွဲသွားမည်ဖြစ်ပြီး   ရန်ကုန်-ပုသိမ် ခရီးစဉ်မှာမူ   ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်   မြန်မာ့ပြည်တွင်းရေကြောင်းလိုင်းမှ   ကူးတို့လိုင်း(၅)လိုင်း၊   ခရီးသည်ကုန်တင်လိုင်း (၁၂)လိုင်း စုစုပေါင်း (၁၇)လိုင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးသို့   ပြေးဆွဲပေးလျှက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment