Wednesday, August 22, 2012

မြန်မာနိုင်ငံတွင် စာပေစိစစ်မှုဖျက်သိမ်းလိုက်ခြင်းအပေါ် တရုတ်အစိုးရသတင်းစာက ဝေဖန်ရေးသား

 မြန်မာနိုင်ငံ ၏ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် အ စိတ် အ ပို င်း  အဖြစ် မကြာသေး မီက စာပေ စိစစ်ခြင်း လုပ်ငန်းများ ဖျက်သိမ်း လိုက်ခြင်းနှ င့် ပတ်သက်ပြီး တရုတ် အစိုးရ အာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက တရုတ်တို့ အနေဖြင့် ယင်းကို စံနမူနာ မတင်သင့်ဘဲ ကိုယ့်မူ ကိုယ့်ဟန်နှင့်သာ စာပေ လွတ်လပ်ခွင့်ကို ရယူသင့်ကြောင်း ဝေဖ န်ေ ရး သား လိုက်သည်။ 


“ တရုတ်နိုင်ငံ၏ သတင်းစာ လွတ်လပ်ခွင့်သည် သင့်တင့် မျှတသော ခရီး ရှည်ကြီးကို  လျှောက်လှမ်းခဲ့
ပြီဖြစ်သည်။ အနာဂတ်တွင် ပို၍ ခရီး  ဆက်လှမ်းကြ ရဦးမည်။ တရုတ်တို့ အနေဖြင့် စိတ်ရှုပ်ထွေးခံပြီး မြန်မာနှ င့်ဗီယက်နမ် စသည့် နောက်ပေါက်ေ ရွှကြာနိုင်ငံများအား စံနမူနာ ယူနေခြင်း ထက် အချိန်ကာလ လမ်းကြောင်း အတိုင်း သာလိုက် ပါသင့်ပြီး နိုင်ငံ၏ လက်တွေ့ အခြေအနေကိုသာ ကြည့်သင့်သည်”ဟု တရုတ်သတင်းစာ ဂလိုဗယ်တိုင်း၏ အွန်လိုင်းစာမျက်နှာ အယ်ဒီတာ့ အာဘော် တွင် ရေးသား ထားသည်။”မြန်မာနိုင်ငံ ၏ပြုပြင်ပြောင်း လဲမှုများသည် အောင်မြင်မှုသက်သေပြလိမ့်မည်ဟု ကျွန်ုပ်တို့ရိုးသားစွာယုံ ကြည်ပါသည်။သို့သော် ထိုအဖူး အညွန့်ကလေးက တရုတ်နိုင်ငံ၏ စည်ပင်ေ နေ သြာ ပုပြင်ပြောင်း လဲမှုအပင်နှင့် အမြင်ခြားနားနေရုံမျှနှင့် ကိုယ်လျှောက်နေသော ကိုယ့်လမ်းကို ကျွန်ုပ်တို့ သံသယ၀င်ပါက နုံလွန်း အလွန်း ရာကျပေမည်” ဟု အယ်ဒီတာက ဆက်လက်ရေးသားသည်။ 

အဆိုပါ သတင်းစာအာဘော်တွင် တရုတ်နို င် ငံ ၏ပြုပြင်ပြောင်းလဲမှုများသည် စမ်းသပ်မှု များစွာဖြင့် အောင်မြင်စွာ အစမ်းသပ်ခံပြီးဖြစ်ကြောင်း၊မြန်မာနို  င်ငံ၏ပြုပြင်ပြောင်းလဲမှု များမှာ အဖူးအညှောင့် ထွက်ပြူခါစသာ ဖြစ်ပြီး လေနှင့်ရေကိုပင်မထိတွေ့ ရသေးေ ကြာင်း  ဝေဖန်ေ ရး သားထားသည်။
“မြန်မာနိုင်ငံ ၏ပြုပြ င်ပြောင်း လဲမှု များသည် စမ်းသပ် အဆင့်သာဖြစ်သည်။ တကယ်တမ်း ဆိုရလျှင် ရဲတင်းမှုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေး၏ ထင်ရှားအပေါ်လွင်ဆုံးလက္ခဏာတစ်ရပ်ဖြစ်သည်။`“ ဟု ဂလိုဘယ်လ်တိုင်းမ်က ဆက်လက်ရေးသားသည်။
တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုတင်းကြပ်စွာလုပ်ခဲ့ကြသည့် အမေရိကန်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် စာပေစိစစ်မှုရုပ်သိမ်းလိုက်ခြင်းအပေါ် ကြိုဆိုခဲ့ကြပြီး နောက် မြန်မာနိုင်ငံအပေါ် စီးပွားရေးအကူများစွာပေးခဲ့သည့်တရုတ်နိုင်ငံအစိုးရ သတင်းစာကြီးက ယခုလို ဝေဖန်ရေးသားလိုက်ခြင်းဖြစ်သည်။

From -ရန်ကုန်မီဒီယာဂရုဖ်

No comments:

Post a Comment