DVB သတင်းထောက်၏ အမည်မှာ ကိုဇော်ဖေ ဖြစ်ပြီး မြန်မာနိုင်ငံမှ နမ၀တန်း ကျောင်းသားများကို ဂျပန်နိုင်ငံသို့ ပညာတော်သင် စေလွှတ်မည့် အစီစဉ်တွင် မကွေးတိုင်း ဒေသကြီး မှ ကျောင်းသူ ကျောင်းသား များလည်း လျှောက်ထားမည် ဖြစ်သောကြောင့် သတင်း ရရှိရန်အတွက် သက်ဆိုင်ရာ ပညာရေး မှူးရုံးသို့ သွားရောက် မေးမြန်ခဲ့ပြီး အထက်ပါအတိုင်း တရား စွဲဆိုခံ ရခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
“ရဲစခန်းက ကျွန်တော့် SONY ဗွီဒီယို ကင်မရာနဲ့ Memory stick တွေကို ရဲစခန်းက သိမ်းထားပါတယ်။ ခုကျွန်တော်တို့ အာမခံယူပြီး နေနေပါတယ်” ဟု ၄င်းက ဆိုသည်။
DVB သတင်းထောက် ကိုဇော်ဖေသည် သြဂုတ်လ ၂၄ ရက်နေ့ ညနေ လေးနာရီတွင် အဆိုပါ သတင်းအတွက် လက်ထောက် ပညာရေးမှူးထံ သွားရောက် မေးမြန်းသော်လည်း အခြား တာဝန်ရှိသူ တစ်ဦးထံ လွဲပြောင်း လိုက်ပြီး ထိုသူထံ သွားရောက် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိသောေ ကြာင့် ပြန်လာ ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်း သွားယူရာတွင် လိုက်ပါခဲ့သည့် ကျောင်းသား မိဘ တစ်ဦးက ပြောကြားသည်။
The Voice Weekly အနေဖြင့် မကွေးတိုင်း ပညာရေးမှူးရုံးသို့ ဆက်သွယ်ရန် ကြိုးစား သော်လည်း ရုံးပိတ်ရက် ဖြစ်နေသောကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
ယင်း တရားစွဲဆိုမှုကို မကွေးမြို့နယ် ရဲစခန်းမှ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉နာရီတွင် အကြောင်းကြား ခဲ့သည့် အတွက် သွားရောက်ခဲ့ပြီး ရဲစခန်းမှ ကင်မရာကို ရှာဖွေပုံစံဖြင့် သိမ်းယူ ခဲ့သော်လည်း တရားစွဲဆိုမှု အမှု (ပ) နံပါတ်ကိုမူ ပြောဆိုခြင်း မရှိကြောင်း ကိုဇော်ဖေက The Voice Weekly သို့ ပြောကြားသည်။
No comments:
Post a Comment