 |
(ကိုလံဘီယာနိုင်ငံမှ FARC သူပုန်တပ်ဖွဲ့ဝင်များ) |
ကိုလံဘီယာ အစိုးရသည် နိုင်ငံအတွင်းရှိ
ကာလရှည်ကြာ တော် လှန်နေခဲ့သော FARC သူပုန်အဖွဲ့နှင့်
ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဟု သိရှိရသည်။
ကိုလံဘီယာ သမ္မတ
ဟွမ်မန်နျူရယ်လ် ဆန်းတို့စ်သည် FARCတို့နှင့် ငြိမ်းချမ်းရေး
တည်ဆောက်နိုင်ရန် မျှော်လင့်နေပြီး ယခုဆွေးနွေးမှုကို တိုးတက်ဖြစ်ထွန်းလာရန်
မျှော်လင့်လျှက် ရှိသည်။
သို့သော်လည်း ဆွေးနွေးမှု အခြေအနေသည် တစ်ဆင့်ချင်းစီ တက်လှမ်းနေဆဲသာ
ရှိနေသေးကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သမ္မတ ဆန်းတို့စ်က တနင်္လာနေ့ညတွင်
မိမိ၏ အစိုးရသည် ဆယ်စုနှစ် (၄)ခုကျော်ကြာ တည်တံ့ခဲ့သော ပဋိပက္ခ
ဖြစ်စဉ်များကို အဆုံးသတ်နိုင်ရန် မျှော်လင့် ဆွေးနွေးနေကြောင်း
ပြောကြားသွားသည်။ ကိုလံဘီယာ တော်လှန်ရေး တပ်မတော်(ခေါ်) FARCမှ
ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ ကိုယ်စားလှယ်များ မည်သည့်နေရာတွင်
ဆွေးနွေးသည်၊
မည်သည့်အချက်များကို ဆွေးနွေးသည် ဆိုခြင်းကိုမူ သမ္မတက ထည့်သွင်း
ပြောဆိုမသွားချေ။ သတင်းအချို့တွင် ဖော်ပြထားမှုအရ ဆွေးနွေးမှုများကို
ကျူးဘားတွင် ပြုလုပ်နေကြောင်း သိရှိရသည်။ ကိုလံဘီယာ အစိုးရသည် FARCနှင့်
(၂၀၀၂)ခုနှစ် ကတည်းက စတင်ဆွေးနွေးခဲ့သော်လည်း သမ္မတ အန်ဒရက်စ် ပက်စ်ထရာနာ
လက်ထက်က အားထုတ်မှုများသည် ပျက်ပြယ်ခဲ့ရသည်။
ပက်စ်ထရာနာသည် ဆွစ်ဇာလန်တွင် FARCနှင့် ဆွေးနွေးရန်
ကြိုးစားခဲ့သော်လည်း သူပုန်အဖွဲ့က အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း
မရှိချေ။ ဆန်းတို့စ်သည် ၎င်းအာဏာရလာကတည်းက FARCတို့ကို ဖိဖိစီးစီး
တိုက်ခိုက်ခဲ့ပြီး အယ်လ်ဖွန်ဆို ကာနိုနှင့် မိုနိုဂျိုဂျွိုင် အမည်ရှိ
ခေါင်းဆောင်နှစ်ဦးကို သုတ်သင်ခဲ့သလို တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေး
ဆွေးနွေးမှုအတွက် လမ်းဖွင့်ပေးထားခြင်း ဖြစ်သည်။
No comments:
Post a Comment