Saturday, August 4, 2012

KIA တို့အကြံကုန် ဂဋုန်ဆားချက်နေ

ဖားကန့်မြို့နယ် လုံးခင်း၊ ဆိပ်မူ၊ ဝှေခေါ စတဲ့ ကျေးရွာတွေမှာ ရှိတဲ့ ကျောက်စိမ်း တူးဖော်လုပ်ကိုင်နေ တဲ့ ကုမ္ပဏီလုပ်ကွက်တွေကို KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၆)မှ မေလ (၃၀)ရက်နေ့ကစပြီး အစောင့်တွေ ချကာ လုပ်ငန်းပိတ်သိမ်းထားရှိခဲ့ပါတယ်။
 ပြီးခဲ့တဲ့ သြဂုတ်လ (၁)ရက်နေ့မှ စတင်ကာ ၄င်းတို့ကိုယ်တိုင် ပိတ်သိမ်းထားတဲ့ ကုမ္ပဏီ လုပ်ကွက်များ အတွင်းမှာ ရေမဆေးကျောက် ရှာဖွေသူတွေကို ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ ၀င်ရောက် လုပ်ကိုင် ခိုင်းပြီး ရရှိတဲ့ ကျောက်စိမ်းတွေရဲ့ (၃) ပုံ (၂) ပုံ ကိုတော့ အခွန်ကောက်ခံတယ်ဟုဆိုကာ ရင်း(၆)သို့ သယ်ယူပို့ ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
KIA ခေါင်းဆောင်ဆောင်ပိုင်းတွေ အနေနဲ့ လက်အောက်ခံတပ်တွေက စစ်အောင် နိုင်ရေးအတွက် (စီးပွားရေး တာဝန်ခံတွေကို) ရန်ပုံငွေဟုဆိုကာ ကချင်ပြည်နယ်အတွင်းမှာ မရရသလို စီးပွားရှာဖို့ ညွှန်ကြား ချက်တွေ ထုတ်ပြန်ထားပါတယ်။
အခုတော့ ပိတ်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ခွင့်ပေးပြီး KIA တပ်ဖွဲ့တွေ အနေနဲ့ ယခုလို အကြံကုန် ဂဋုန်ဆားချက်နေရတာဘဲ ဖြစ်ပါတယ်။

No comments:

Post a Comment