Wednesday, August 22, 2012

တောင်သူလယ်သမားအရေး ကူညီမည့် ကော်မတီ NDF ဖွဲ့စည်း


ရန်ကုန် (မဇ္ဈိမ) ။         ။ တောင်သူလယ်သမားများအရေးအား လွှတ်တော်သို့ တင်ပြပေးနိုင်မည့် ‘တောင်သူ လယ်သမားရေးရာ ဗဟို လုပ်ငန်းကော်မတီ’ ကို အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း က ပြောသည်။သီးနှံ များ ရောင်းချရန် ခိုင်မာသော ဈေးများ ရှိရေး၊ အတိုး သက်သာသော ချေးငွေ ရရှိရေး၊ အတိုးမဲ့ နှစ်ရှ ည်ချေးငွေများ ရရှိရေး၊ အရည်သွေးမီသော ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် နည်းပညာ၊ စက်ကိရိယာများ ရရေး၊ အချိန်နှင့်တပြေးညီ သိသင့်သိထိုက်သော သတင်းအချ က်အလက်များ ရရှိရေး၊ လယ်မြေသုံး
စက်ကိရိယာများ မောင်းနှင်မှု ပြင် ဆင်မှုတို့ပြုလုပ်နိုင်ရန်  တောင်သူတို့အ တွက်အခမဲ့ စက်ပြင်သင်တန်းများ တက်ခွင့်ရရှိရေး စသည်အချက် ၈ ချက်ကို လွှတ်တော် သို့ တင်ပြမည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့ City Star Hotel တွင် ပြုလုပ်သည့် အခမ်းအနားတွင် “တောင်သူများ လယ်မြေသိမ်းခံရမှု လယ်မြေများရေကြီးနစ်မြုပ်မှု၊ ထွက်ရှိလာသော သီးနှံများ ဈေးကောင်းရရှိရန်မှာ ပြည်သူတရပ်လုံးနှင့် သက်ဆိုင်ပြီး မတရားသိမ်းဆည်းခံ မြေယာပြဿနာများကို လွှတ်တော် မြေယာပြဿနာ ဖြေရှင်းရေး ကော်မရှင်နှင့် ပူပေါင်း
ဖြေရှင်းရန်” ဟု ကော်မတီ ဖွဲ့စည်းခြင်း ရည်ရွယ်ချက်ကို ဒေါက်တာသန်းငြိမ်း က ပြောကြားသွားသည်။

ထိုအခမ်းအနားသို့ တောင်သူလယ်သမားများအရေး ဆောင်ရွက်ပေးနေကြသည့် ပဲခူးတိုင်း လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်၊ ကချင်ပြည်နယ်မှ ဒေါ်ဘောက်ဂျာ တို့လည်း တက်ရောက်ခဲ့ကြသည်။

ဇွန်လကုန်ပိုင်းကလည်း မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်း တို့မှ လယ်သမား ၁ဝဝ ကျော်ခန့်က လယ်မြေများ သိမ်းယူခံရခြင်း အပါအဝင်၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံနေကြရသည့် အခက်အခဲများကို NDF ပါတီသို့ လာရောက်တင်ပြခဲ့ကြဖူးသည်။

No comments:

Post a Comment