Sunday, August 26, 2012

မြ၀တီမြို့ ၊အမှတ်(၃)မူလတန်း လွန်ကျောင်း၌(NFPE)Non Formal Primary Education (ကျောင်းပြင်ပမူလတန်းပညာရေး) သင်ကြားမှုစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း

မြ၀တီမြို့၊  အမှတ်(၅) ရပ်ကွက် တွင်ရှိသော  ယခင်အမှတ်(၃)   မူလတန်းလွန်ကျောင်း ယခု အမှတ်(၂) အလယ်တန်းကျောင်းခွဲ တွင်(NFPE)Non Formal Primary Education (ကျောင်းပြင်ပ မူလတန်းပညာရေး)သင်ကြားမှုအား မြ၀တီမြို့နယ်တွင် (၂.၇.၂၀၁၂) ရက်နေ့က    Unicef  မှ ဦးဆောင်၍  ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ရာ မြ၀တီမြို့ ပေါ်ရှိ ကျောင်း (၆)ကျောင်းဖြစ်သော  ယခင် အမှတ် (၂) မူလတန်းလွန်ကျောင်း၊ ယခုအလယ်တ န်းကျောင်ခွဲ (၁)၊ ယခင် အမှတ်(၃)   မူလတန်းလွန် ကျောင်း ယခု   အလယ်တန်းကျောင်းခွဲ (၂)၊ အမှတ်(၆) မူလတန်းလွန်ကျောင်း၊   အောင်မြေရွှေဘုံ မူလတန်းေ ကျာင်း၊ သင်္ဃန်းညီနောင်ကျောင်းနှင့်၊ ဖလူးအလယ်တန်းကျောင်း တို့တွင် ဖွင့်လှစ်သင်ကြား ပေးခဲ့ရာLevel (၁) အဆင့်အနေဖြင့်အသက်(၉)နှစ် အထက် သူငယ်တန်း၊ ပထမတန်း၊ဒုတိယ တန်း နှင့် ကျောင်း လုံးဝမနေဘူး သူ၊   ကျောင်းထွက် ထားသူများကို သင်ကြားပေးပြီးLevel(၁)  အောင်မြင်ပါကLevel (၂)    အဆင့်အနေဖြင့်   ဒုတိယတန်း၊  တတိယတန်းနှင့် စတုတ္ထတန်းဖြင့် ကျောင်းထွက်ထားသူများအား သင်ကြားပေးလျှက်ရှိပြီးLevel (၂) အောင်မြင်ပါကပဉ္စမတန်းသို့ ဆက်လက်ပညာသင်ကြားခွင့် ရရှိမှာဖြစ်ပြီး ယခုစတင်ဖွင့်လှစ်သည့် အချိန်၌ အမှတ် (၃) မူလတန်လွန်ကျောင်း ၌Level(၁) အဆင့်အား ကျောင်းသာ (၁၇) ယောက်ဖြင့် လည်းကောင်း၊Level (၂) အဆင့်အား ကျောင်းသား (၇) ယောက်ဖြင့်လည်းကောင်း၊ သင်ကြားပေးလျှက် ရှိပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ အမှတ် (၃) မူလတန်းလွန် ကျောင်း အုပ်နှင့် ယခင်မြ၀တီမြို့မှ အငြိမ်းစား ယူသွားသော ဆရာ၊  ဆရာမကြီး များမှ အနီးကပ်ဆောင် ရွက်နေကြောင်း သိရပြီး ယခုစာသင်ကြားနေသော ကျောင်းသားများမှာ နေ့ဘက်တွင်း မိသားစုစားဝတ်ေ နရေးအတွက် အလုပ်လုပ်နေကြရသူများဖြစ်ပြီး၊ စာသင်ချိန်အား ညနေ (၅း၃၀)မှ ည (၇း၀၀) နာရီအထိ သင်ယူကြရကြောင်းနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ  ကျောင်းများတွင် လည်း ကျောင်းပြင်ပ မူလတန်းပညာရေးစနစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ပထမပတ်၌ ဖွင့်ပွဲအခမ်းအနားများ ဖွင့်၍ သင်ကြားမှု များ   ပြုလုပ်နေပြီးဖြစ်ကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment