Thursday, August 9, 2012

မြန်မာတွင် ဂျပန် NHK World ရုပ်သံ ထုတ်လွှင့်

From -ဧရာဝတီ
ဂျပန်နိုင်ငံရဲ့ မီဒီယာကြီးတခုဖြစ်တဲ့ NHK World အင်္ဂလိပ်ပိုင်း ရုပ်မြင်သံကြားအစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ပြည်တွင်း ရုပ်သံကုမ္ပဏီ တခုဖြစ်တဲ့ Skynet ရဲ့ ကမ်းလှမ်းမှုနဲ့ အခုလို ထုတ်လွှင့်ပြသတာဖြစ်ပြီး ရက်သတ္တ တပတ်လုံး အချိန်ပြည် ၀န်ဆောင်မှုပေးဖို့လည်း ရှိပါတယ်တဲ့။ Skynet က ဂျပန်ပညာရှင်တွေကို အားထားတဲ့ သဘောနဲ့ NHK World ကို အခုလို ကမ်းလှမ်းပူးပေါင်းလုပ်ဆောင်တာလည်းဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ပြင်ပကမ္ဘာအနေနဲ့ မတွေးမိလောက်အောင် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲ လုပ်ဆောင်ချက် တွေကြောင့် အမေရိကန်နဲ့ နီးကပ်လာတယ်လို့ ထင်ရတဲ့ မြန်မာအစိုးရဟာ တကယ်တော့ ဂျပန်နဲ့ ပိုမိုနွေးထွေးတဲ့ ဆက်ဆံ ရေးက တလျှောက်လုံးရှိနေခဲ့တာပါလို့ news@variety.com မှာ ဖော်ပြ ထားပါတယ်။

NHK World ရုပ်မြင်သံကြား ထုတ်လွှင့်မှုဟာ အဓိက ဂျပန်နဲ့ အာရှဒေသတွင်းက သတင်းတွေကို အဓိက ထားသလို ယဉ်ကျေးမှု၊ လူနေမှု ဘ၀နဲ့ အခြားအစီအစဉ်တွေလည်း ပါဝင်ပါတယ်။ အခုဆိုရင် ကမ္ဘာတလွှား ဒေသများက နိုင်ငံပေါင်း ၁၃၀ နီးပါးက NHK World ကို ကြည့်နိုင်ပါတယ်။

မြန်မာအပွင့်မှာ ကမ္ဘာ့ မီဒီယာကုမ္ပဏီကြီးတွေက ခြေသွက်လက်သွက် ပြည်တွင်းဈေးကွက်ကို ၀င်ရောက် လာတဲ့ လက္ခဏာ လည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ မြန်မာဆင်ဆာအဖွဲ့ကို ဖြတ်ရမယ်၊ မဖြတ်ရမယ် ဆိုတာတော့ သတင်းတွေမှာ သဲသဲ ကွဲကွဲမရှိပါဘူး။

No comments:

Post a Comment