Monday, August 13, 2012

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က ဒီမိုကရေစီချစ်မြတ်နိုးသူ NLD ပါတီဝင်များ ၄င်းတို့ပါတီကိုပြန်လည် ဆန္ဒပြခြင်း


From-  ဒီမိုပါပါကြီး Facebook

မြောင်းမြမြို့နယ်က NLD ပါတီဝင်များ ဆန္ဒပြနေပုံ
  • 2012 ခုနှစ်၊ သြဂုတ်လ 12 ရက်နေ့ မနက် 1200 ချိန်မှာ မြောင်းမြမြို့၊ NLD ပါတီက ဦးမြင့်ကျော်ဦးဆောင်ပြီးတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက 11 ရက်နေ့ညမှာ လာရောက်ပူးပေါင်းကြတဲ့ ပါတီဝင်များနဲ့ စုစုပေါင်း အင်အား (500)ခန့်ဟာ ယနေ့ မြောင်းမြမြို့၊ မြို့နယ်ပါတီရုံးကနေစပြီးတော့ မြို့ကို ပတ်ကာ ဆန္ဒပြခဲ့ပါတယ်၊ ဆန္ဒပြတဲ့သူတွေက ပင်နီတိုက်ပုံဝတ်ဆင်ထားပြီးတော့ သူတို့ရဲ့လက်ထဲမှာ “”ပွဲလှန့်ဖျာခင်း၊ စရိုက်ပျက် အကျင့်ပျက် အကျင့်တန် တို့လက်မခံ၊ ပါတီထဲက မောင်းထုတ်ကြ ” “သမိုင်း ၀င်ပါတီရုံးကို သမိုင်းမရှိသူ အိမ်မပြောင်းနဲ့”  “တပည့်မွေး ဆရာမွေး တိုက်ကျွေးစည်းရုံးသူ အလိုမရှိ “ “ပါတီသန့်စင်ဖို့ နိုင်ငံရေး မိတ်စ္ဆာတွေမောင်းထုတ်ကြ “ “ပါတီအတွင်းဝင်မွှေဆုံးမတွေကို (မြင်အောင်ကြည့်ကြ) မိအောင်ဖမ်းကြ။“”ပွဲလှန့်ဖျာခင်း၊ စရိုက်ပျက် အကျင့်ပျက် အကျင့်တန် တို့လက်မခံ၊ ပါတီထဲက မောင်းထုတ်ကြ ” “သမိုင်းဝင်ပါတီရုံးကို သမိုင်းမရှိသူ အိမ်မပြောင်းရ“ စတဲ့ ဆိုင်းဘုတ်များကိုင်ဆောင်ကြွေးကြော်ခဲ့ပါတယ်. ။
  • သူတို့ဆန္ဒပြရတဲ့ရည်ရွယ်ချက်ကတော့ ပါတီအတွင်းမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေပြီးတော့ လက်ရှိ ပါတီညီလာခံကျင်းပရေးကော်မရှင်ဖွဲ့စည်းမှုမှာလဲ ခေါင်းဆောင်ပိုင်း ရွေးချယ်မှုတွေမှာ ပါတီဝင်တွေရဲ့ သဘောထား ဆန္ဒမရယူဘဲ ဒီမိုကရေစီနည်းလမ်းမကျဘဲ ရွေးချယ်ခဲ့တဲ့အတွက် ယခုလို ဆန္ဒပြရခြင်းဖြစ်ကြောင်းနဲ့ လက်ရှိ ပါတီရုံးပြုလုပ်ထားတဲ့နေရာ မြောင်းမြမြို့၊ (၄)ရပ်ကွက်၊ ဦးဘချိုလမ်းနေ ပါတီဝင် ဦးစိုးမင်းနေအိမ်ကနေပြီးတော့ (၅)ရပ်ကွက်၊ ဦးဘချိုလမ်းမှာရှိတဲ့ လက်ရှိမြောင်းမြမြို့နယ်၊ ညီလာကျင်းပရေးကော်မရှင် ဥက္ကဌ ရှေ့နေ ဦးရန်နိုင်နေအိမိ ကို  ပြောင်းရွှေ့ခဲ့တာကိုလည်း ပါတီဝင်တွေရဲ့ ဆန္ဒရယူခြင်းမရှိခဲ့ဘူးလို့ သိရှိရပါတယ်၊ မြောင်းမြ မြို့နယ်၊ NLD ပါတီအနေနဲ့ 2012 ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ဖို့ အတွက် ပါတီဝင်တွေက နိုင်ငံရေးစိတ်ဝင်းစားသူ နိုင်ငံရေးအတွေ့အကြုံရှိသူ 1990 အရွေးချယ် ကိုယ်စား လှယ် ဖြစ်တဲ့ ဦးစိုးမင်းကို ထောက်ခံခဲ့ပေမယ့်.. ပါတီခေါင်းဆောင်ပိုင်းတွေက ငွေကြေးချမ်း သာတဲ့ ဒေါ်ခိုင်ဇင်ဦး(ရှေ့နေ ဦးရဲနိုင်တပည့်)ဖြစ်သူကို ရွေးချယ်ခဲ့ခြင်းများ လည်းရှိခဲ့ပါတယ်၊ ဒါကြောင့်လဲ ပါတီဝင်များအကြားမှာ သဘောထားကွဲလွဲမှုများရှိ ခဲ့တယ်လို့သိရပါတယ်။
  • ယခုအခါမှာတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက NLD ပါတီဝင်တွေအနေနဲ့ သူတို့မြို့နယ်မှာ လည်း ယခုလို ပါတီတွင်း ဒီမိုကရေစီကျကျ မလုပ်ဆောင်မှု၊ ဒေါ်စုကြည်ကိုယ်တိုင် ဒီမိုကရေစီ နည်းလမ်းအတိုင်းကျင့်သုံးရန် ပြောဆိုနေသော်လည်းမြို့နယ် ပါတီမှ လူကြီးများက သူတို့သဘောဆန္ဒ အတိုင်း ဆောင်ရွက်နေခြင်းများ၊ ပါတီဗဟိုမှ လူကြီးအချို့ရဲ့ သဘောဆန္ဒများအား ကျေနပ်မှုမရှိ တဲံအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတိဲ့၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မအူပင် စတဲ့ မြို့ကြီးများမှာပါ ဆန္ဒပြမယ်၊ ရှု့ချပွဲတွေပြုလုပ်မယ်လို့ သိရပါတယ်။
  • NLD ပါတီဝင်တွေက သူတို့ပါတီမှာ သဘောာထားကွဲလဲနေတဲ့အတွက် ပါတီတွင်းသဘောထားကွဲလွဲ မှုတွေရှိခဲ့တာကို လူကြီးတွေက ဒီမိုကရေစီနည်းလမ်းကျကျ မလုပ်ဆောင်ခြင်းနဲ့ ဒီမိုကရေစီ လိုလားသူ ဒေါ်စုကြည် ကိုယ်တိုင်း ဒီမိုကရေစီနည်းလမ်းမကျတာတွေ ရှိတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ် အသီးသီးက ပါတီဝင်တွေက လည်းသက်ဆိုင်ရာမြို့နယ်များ မှာ ဆန္ဒပြသွားဖြစ်ကြောင်း၊ ဒေါ်စုက ဒီကစ္ဒကို ဘယ်လိုနည်းလမ်းတွေ နဲ့ ဖြေရှင်းပေးမှာလဲ..
  • လူနည်းစုဖြစ်တဲ့ ဒီပါတီအတွင်းမှာတောင် ငြိမ်သက်အောင်၊ ညီညွတ်အောင် မအုပ်ချုပ်ချုပ်နိုင်ရင် မြို့နယ်အသီးသီး၊ တိုင်းအသီးအသီးက ပြည်သူလူထုတွေကို ဘယ်လို ကောင်းအောင် အုပ်ချုပ်မလဲ..  တခြားနိုင်ငံတွေနဲ့ရော ဘယ်လို အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံမှာလဲ.. ဒီလို မညီညွတ်မှုများရှိနေတဲ့အတွက် အခြားပါတီတွေမှ ၄င်းတို့ပါတီအား အထင်အမြင်သေးလာနိုင်သဖြင့် ပါတီဝင်များမှလည်း နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပါတီဝင်းများက ပြောကြားခဲ့ကြပါတယ်။



No comments:

Post a Comment