Monday, August 20, 2012

ကော့သောင်း NLD ဆန္ဒပြမှု့ နောက်ဆုံးရ သတင်း

ဆန္နပြ အဖွဲ့ကို ဦးမြင့်မောင် ဆို သူ က ခေါင်းဆောင်နေတယ် လို့သိရပါတယ်။ ဆန္ဒပြရသည့် အကြောင်းရင်းက  ကော့သောင်း NLD က ဒေါ်ခင်အေးမူတို့ရဲ့ လုပ်ဆောင်ချက်တွေ ကို မကျေနပ်လို့ လို့ သိရပါတယ်။  ကော့သောင်း မြို့သူ မြို့သား များအတွက်ဆိုပြီး  ပန်ကြားလွှာ တွေ ကော့သောင်းမှာ NLD  ပါတီဝင်တွေက လိုက်ဖြန့်နေတယ်လို့ လဲ သိရပါတယ်။ ပန်ကြားလွှာထဲမှာ NLD ဟာ လူတစ်ယောက်၊ လူတစ်စု ပိုင်  ပါတီ မဟုတ်ကြောင်း၊ လူတစ်စု က စိတ်ကူးပေါက်ရာ  လုပ်ခံနေရကြောင်း၊  ယခု NLD ကို  ပြန်လည် ဖွဲ့စည်းတဲ့ အခါမှာ ဗဟိုက ခိုင်းလို့ ဆိုပြီး ကော့သောင်းNLD   ပါတီ ဒေါ်ခင်အေးမူတို့က  လုပ်ချင်တာ လုပ်နေကြောင်း၊ ပါတီဝင်တွေရဲ့ ဆန္ဒတွေကို ဂရုမစိုက်ပဲ လုပ်ချင်တာ လုပ်နေကြောင်း ၊ ယခု ရပ်/ကျေး အဆင့် ပြန်လည် ဖွဲ့စည်းရာ ခင်မင်တဲ့လူ တွေကိုပဲ ဘက်လိုက်ပြီး နေရာပေးနေတာကြောင့် ဆန္ဒပြတာလို့ သိရပါတယ်။ NLD  ပါတီ က   ထင်ရှားသူ ဒုတိယ ဗိုလ်မှူးကြီးဟောင်း  ဦးကျော်ဆန်း  က  NLD  ကဟာ ဗဟို ဦးစီးစနစ် များတယ် ဆိုပြီး   နှုတ်ထွက် သွားဖူးသလို ၊Eleven Media Group က ဒေါက်တာ သန်းထွဋ်အောင်ကလဲ NLD ကို လူပုဂ္ဂိုလ် အခြေပြု နေရာကနေ ဒီမိုကရေစီ ကျကျ ပြန်လည် ဖွှဲု့စည်းသင့်တယ်လို့ အကြံပြုဖူးပါတယ်။

1 comment:

  1. ဒေါက်တာသန်းထွဋ်အောင်ရဲ့ အကြံကို ကျွန်တော်ထောက်ခံတယ်ဗျာ

    ReplyDelete