Saturday, August 25, 2012

Voice ဂျာနယ်နှင့် သတ္တုတွင်း ဝန်ကြီးဌာန အမှု စွဲချက်တင်၊ မတင် စက်တင်ဘာ ၆ ရက်နေ့ ဆုံးဖြတ်မည်


ဝန်ကြီးဌာနများ၏ ကျပ်သိန်းထောင်ချီ ငွေကြေး အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ သတင်းနှင့် ပတ်သက်၍ သတ္တုတွင်း ဝန်ကြီးဌာနက The Voice Weekly ဂျာနယ်အပေါ် တရား စွဲဆိုထားသော အမှုအား စွဲချက် တင်ရန် သင့်၊ မသင့် ယနေ့ မဆုံးဖြတ်ဖြစ်ဘဲ စက်တင်ဘာ ၆ ရက်နေ့သို့ ရုံးချိန်းရွှေ့လိုက်ကြောင်း Voice ဂျာနယ်ဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးဝင်းရွှေက ပြောကြားသည်။


နှစ်ဖက် ရှေ့နေများ၏ အပြန်အလှန် လျှောက်လဲချက်များကို တရားသူကြီး အနေဖြင့် အမိန့် ချမှတ်ရန် အတွက် အချိန်ယူ ရဦးမည် ဖြစ်ကြောင်း ၄င်းက ပြည်တွင်း သတင်းထောက်များသို့ ပြောကြားသည်။

ယနေ့အမှုတွင် ရှေ့နေ ဦးဝင်းရွှေက Voice ဂျာနယ်၏ ရေးသား ဖော်ပြချက်များသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၉၉)ပါ ကင်းလွတ်ခွင့် အချက် (၁၀)ချက် အနက် အချက်(၁)နှင့် အချက်(၁၀)တွင် အကျုံးဝင် သဖြင့် စွဲချက်တင်ရန် မသင့်ကြောင်း အဓိက လျှောက်ထားခဲ့သည်။

ကင်းလွတ်ချက် အချက်(၁၀)တွင် "အခြားသူ တစ်ယောက်အကြောင်းနှင့် စပ်လျဉ်း၍ တစ်ဦး တစ်ယောက်သော သူအား သတိပေးရာတွင် သတိပေးသူက သတိပေးခြင်း ခံရသူ၏ အကျိုးအတွက် သော်လည်းကောင်း "ဟု ဖော်ပြ ပါရှိသဖြင့် Voice ဂျာနယ်၏ ရေးသား ဖော်ပြချက်များသည် သတိပေး ရေုးသား ဖော်ပြခံရသည့် သတ္တုတွင်း ဝန်ကြီးဌာန၏ အကျိုးအတွက် မရည်ရွယ်သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၉၉)၊ အချက်(၁၀)ကို ခံစားခွင့် မရှိကြောင်း တရားခွင်တွင် တရားလို ရှေ့နေက ပြန်လည် ချေပ ခဲ့သည်။

"Emotionally (ခံစားမှုနဲ့) ဆုံးဖြတ်မလား၊ Intelligently (ချင့်ချိန် ညှိုနှိုင်း) ဆုံးဖြတ်မလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ပါမယ်။ တရားစီရင်ရေး မဏ္ဍိုင် ဘယ်လောက် လွတ်လပ်လဲ ဆိုတာကို ဒီအမှုက ပြသသွားမှာပါ "ဟု တရားစွဲဆို ခံနေရသည့် Voice ဂျာနယ် အယ်ဒီတာချုပ်က မီဒီယာများသို့ ပြောကြားသည်။

No comments:

Post a Comment