Thursday, August 30, 2012

နာရေးကူညီမှုအသင်း(ရန်ကုန်) Website ဖွင့်ပြီ


နာရေးကူညီမှု အသင်း ၀က်ဆိုက် စာမျက်နှာ

Website သည် တစ်ကမ္ဘာလုံးကို ဖြန့်ချီပေးနေတဲ့ ကွန်ရက် (World Wide Web) တစ်ခုဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ ချုပ်ကြီး (United Nations)မှ ၂ဝ၁ဝ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် အင်တာနက် လွတ်လပ် ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေညာ စာတမ်း (Geneva Declaration on Internet Freedom)ကို ပြဋ္ဌာန်းခဲ့သည်။

ထိုကြေညာစာတမ်းတွင် အင်တာနက် (Internet)သည် အတွေးအခေါ်များ ဖလှယ်ရာနှင့် ကူးလူး ဆက်သွယ် ရာ အပြည် ပြည်ဆိုင် ရာနေရာလေးတစ်ခု (universal space) ဖြစ်သည်။ အင်တာနက်သည် လူမျိုး၊ ဘာသာ၊ ပထဝီအနေအထားနှင့် စီးပွားရေး အခြေအနေများကို ထောက်ထားစရာမလိုပဲ လူ အချင်း ချင်း အပြန်အလှန် နားလည်စေခြင်းနှင့် လွတ်လပ်ခွင့်များ ကို လည်း မြှင့်တင်ပေးနိုင်သည်ဟု ဆိုထားသည်။

၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းပိုင်ဝက်ဘ်ဆိုဒ် အား စတင်လွှင့် တင်ခြင်း နှင့် စာနယ်ဇင်းမိတ်ဆက်ခြင်း အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြု လုပ်ခဲ့သည်။

ယင်းဝက်ဘ်ဆိုဒ်အား Tun new technology co.,ltd. (TNT)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ဝက်ဘ်ဆိုဒ် ရေး ဆွဲ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေး မှူး ဒေါ်ရွှေဇီးကွက်မှ နာရေး ကူညီမှု အသင်း(ရန်ကုန်)သည် Website မရှိသည်မှာ မိမိတို့၏ အားနည်းချက်
ဖြစ်ကြောင်း၊ အသင်းသည် (၁၂) နှစ်တာ ကာလ ရောက်ရှိသော်လည်း ကိုယ်ပိုင်ဝက်ဘ်ဆိုဒ် မရှိခဲ့ချေ။

နာဂစ်မုန်တိုင်း အချိန်ကာလ၌ နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး အများပြည်သူတို့အား မည်သည့်
နေရာဒေသများသို့ သွားရောက်၍ လှူဒါန်းမှုများ ပြုလုပ်နေ ကြောင်းနှင့် လိုအပ်သည့် လှူဒါန်းဖွယ်ပ စ္စည်းများ တို့အား အလှူရှင်များ လှူဒါန်း နိုင်ရန်နှင့် ပွင့်ပွင့်လင်းလင်း ချပြနိုင်ရန်အတွက် Website လုပ်ခဲ့၍ ကြိုးစား ခဲ့ကြောင်း၊ နောက်ပိုင်း၌ Up date မလုပ်နိုင် ခဲ့ ခြင်းကြောင့် ရပ်ဆိုင်းခဲ့ ရပြီး နောက်တစ်ခါ ထပ်ကြိုးစားကြောင်း၊ ယခုအချိန်သည် စတုတ္ထအကြိမ်မြောက် ကြိုးစားခဲ့ခြင်း ဖြစ် ပြီး မိမိတို့အသင်းအတွက် အရမ်းလိုအပ်နေသည့် အရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသည့် အလှူငွေ များနှင့် ပစ္စည်းများအား မိမိတို့ မည်သို့ပြန်လည်၍ လှူဒါန်းခြင်း၊ အသုံးချခြင်းများကို တင်ပြရန် အရေးကြီးပါ ကြောင်းနှင့် အသင်းအတွက် လိုအပ်လျှက်ရှိသော Website ကို လှူဒါန်း ပေး ခဲ့သော TNT ကုမ္ပဏီအားလည်း အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ TNT ကုမ္ပဏီမှ MD ကိုထွန်းထွန်းမှ အသင်း၏ ဝက်ဘ်ဆိုဒ် အား ရေးဆွဲလှူဒါန်းခြင်းနှင့်ပါတ်သက် ၍ မိမိတို့ TNT ကုမ္ပဏီ၏ (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်လည်း Website မရှိသေးသည့် အတွက် (၁) နှစ်ပြည့် အခမ်းအနားနှင့် တိုက်ဆိုင်ခြင်းကြောင့် ဝက်ဘ်ဆိုဒ် ပုံစံ အကြမ်း ပြသပေးခဲ့ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်)မှ ကိုကျော်ဟိန်း၊ ကိုဖြိုးကိုကို တို့မှလည်း အစစ အရာရာ ကူညီ ပေးသည့်အတွက်ကြောင့် ယခုကဲ့သို့ အထမြောက်သွားကြောင်းနှင့် ၄င်းတို့အား လည်း ကျေးဇူး တင်ပါကြောင်း၊ ဝက်ဘ်ဆိုဒ်စတင်ပြီဆိုပါက အမြဲတမ်း Up to date ဖြစ်ရမည်ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုဒ် သို့ ဝင်ရောက်ကြည့်ရှု ကြပြီး နောက် ဆုံးဖြစ်ပျက်နေသည့် သတင်းများ ဖတ်ရှု့ လိုချင်ကြပြီး အလှူရှင်များသည် လည်း မိမိတို့လှူဒါန်းလိုက်သည့် အလှူငွေများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (ရေဘေး၊ မီးဘေး . . . )၊ အရေးပေါ်ကယ်ဆယ်ရေး အစရှိသည့် ကိစ္စရပ်များအား အသုံးပြု၍ လှူဒါန်းမှုများအား သိရှိ
နိုင်စေရန်အတွက် ဝက်ဘ်ဆိုဒ်တွင် လိုအပ်သ်ည့ အချက်အလက်များအား ကဏ္ဍအသီးသီး ဖြင့် အသေး စိတ် ဖော်ပြပေးထားကြောင်း၊ မကြာမီကာလအတွင်း အင်္ဂလိပ်ဘာသာဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဝက်ဘ်ဆိုဒ်အား တင်ပြတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အသင်းဝက်ဘ်ဆိုဒ် လိပ်စာနှင့် အသုံးပြုပုံ အဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် ကြွရောက်လာကြသော စာနယ်ဇင်းသမားများ၊ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေး မှူး ဒေါ်ဧရာမောင်မောင်နှင့် အသင်းသား/သူ များ တို့အား မိတ်ဆက်ပြသပေးခဲ့ပြီး မီဒီယာများ ၏ မေးမြန်းချက် များအား ပြန်လည်ဖြေကြား ခဲ့ပြီး အောင်မြင် စွာ ရုပ်သိမ်းခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အများပြည်သူတို့အပေါ် ပေးဆပ်ကူညီဖေးမမှု ကုသိုလ်ရေး လုပ်ငန်းများ သည် မြန်မာနိုင်ငံ တစ်ခု တည်းတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတို့မှ ဝက်ဘ်ဆိုဒ်ပေါ်၌ Up to date ပေးဆပ်မှုများ အား ကြည့်ရှု့နိုင်တော့မည်ဖြစ်ပါသည်။ ကြည့်ရှု့လိုသူများအနေဖြင့် မိမိတို့၏ ကွန်ပြူတာပေါ်တွင် www.ffssyangon.org ဟူ၍ ရိုက်လိုက်ရုံဖြင့် ကျွန်တော်တို့ F.F.S.S(Ygn) နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အချိန်မရွေးရောက်ရှိနိုင်တော့မည် ဖြစ်သည်။


“အင်တာနက် (Internet)ကို လွတ်လပ်စွာအသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသား လွတ်လပ်ခွင့် များ၊ လွတ်လပ်ပြီး ဒီမိုကရေစီဆန်သော လူ့ဘောင်ကို အပြည့်အဝ ခံစားနိုင်ရန် မရှိမဖြစ်လိုအပ်သည်။”

(ဂျီနီဗာကြေညာစာတမ်း ၂ဝ၁ဝ၊ မတ်လ ၉ရက်)

နာရေး ကူညီမှုအသင်း အင်တာနက် ၀က်ဆိုက်စာမျက်နှာကို ဤနေရာမှ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

No comments:

Post a Comment