သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ
ဆွေးနွေးမှုများပြုလုပ် နေစဉ်
|
ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နှစ်ဦးနှင့် ပြည်ပမှ
ပြန်လည် ရောက် ရှိ နေ သည့် မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက
ရက်တစ် တပ်ဦး ABSDF ဗဟို ဥက္ကဌ ဟောင်း များ တို့ ငြိမ်းချမ်းရေး
ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ
အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်
ခြံအမှတ် ၁၃ တွင် ပြုလုပ် လျှက် ရှိကြောင်း Eleven Media Group အင်တာနက်
သတင်းအရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲ တွင် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟို ဥက္ကဌဟောင်း များ ဖြစ်သည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ကိုထွန်းအောင်ကျော် စသည့် အဖွဲ့တို့ ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇာဂနာ တို့လည်း ပါဝင်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လ ကစပြီး အစိုးရ အဖွဲ့ သစ်က ပြုပြင်ပြောင်းလဲမှု ဆက်တိုက် လုပ်ဆောင်ေ နပါတယ်။ အရင် အစိုးရ လက်ထက် မှာ ခင်ဗျားတို့ဟာ Black List ဖြစ်နေပေမယ့် အစိုးရသစ် လက်ထက် မှာတော့ ခင်ဗျားတို့က Black List မဟုတ်တော့ပါဘူး။ အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့ အခါမှာ အားလုံး ပါဝင်နိုင်အောင် လုပ်ဆောင်နေတာပါ။ ခင်ဗျားတို့ ကလည်း ကျွန်တော်တို့ သိက္ခာ မကျအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်ကိုယ်လုံး ဝင်ဖို့ဆို တာတော့ ခက်ပါတယ်။ ဆန္ဒမစောပါနဲ့။ ဖြေးဖြေးချင်း ခေါင်းအရင်ဝင်ပါ ပြီးမှ ကိုယ်လုံးဝင်ပါ" ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲကို ကိုမိုးသီးဇွန်နှင့်အဖွဲ့က စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇန ဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသူများကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့ အဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်ဟု Eleven Media Group အင်တာနက် စာမျက်နှာ မှာ ဖော်ပြထားပါသည်။

No comments:
Post a Comment