Tuesday, September 18, 2012

မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်း ပယ်ဖျက်လိုက်ပြီ

ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း တာဝန်ယူကာစ ၂၀၁၁ ခုနှစ်က အစိုးရအဖွဲ့နဲ့ ပြည်သူတွေကို တရားဝင်တင်ပြထားတဲ့ ၅ နှစ်အတွင်း တယ်လီဖုန်း သန်း ၃၀ တပ်ဆင်ရေး စီမံကိန်းကို ပယ်ဖျက်လိုက်ပြီ
ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာတဦးက ပြောပါတယ်။


လက်ရှိ အပြောင်းအလဲ စီမံကိန်းသစ်အရ မြန်မာ့ ဆက်သွယ်ရေးကို ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းကာ ဆက်သွယ်ရေးလက်အောက်မှာ ဖက်စပ် ကုမ္ပဏီ ၄ ခု ဖွဲ့စည်းမှာဖြစ်ကြောင်း၊ ဒီ ဖက်စပ် ကုမ္ပဏီတွေအဖြစ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့စ် အပြင်အခြား ပြည်တွင်း
ပြည်ပ ကုမ္ပဏီ ၂ ခုကိုလည်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်ကြောင်း၊ ဒီအတွက် မူလ စီမံကိန်းကို ပယ်ဖျက်လိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။

ဆက်သွယ်ရေးရဲ့ မူလစီမံကိန်းအရ ၂၀၁၁-၁၂ မှာ မိုဘိုင်းဖုန်း ၄ သန်း၊ ၂၀၁၂-၁၃ မှာ ၅ သန်း၊ စသဖြင့် တပ်ဆင်သွားမှာဖြစ်ပြီး ၅ နှစ်အကြာမှာ သန်း ၃၀ တပ်ဆင်ကာ မြန်မာပြည်သူတွေရဲ့ ဖုန်းပိုင်ဆိုင်မှုနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။


From -DVB

No comments:

Post a Comment