Thursday, September 27, 2012

အာဏာအလွဲသုံးစာလုပ်ခဲ့သောကြောင့် အပြည်မဲ့ပြည်သူတစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး ဗဟိုလမ်းနဲ့ သီရိမင်္ဂလာလမ်းထောင့် အနှေးယာဉ်ဂိတ်အမှတ်( ၉) ၌ ၂၆.၉.၂၀၁၂ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်လင်းသူရ ၊ဒုရဲအုပ်တစ်ဦးအပါဝင် တပ်ဖွဲ့ဝင် ၅ ဦးသည် တာဝန်ချိန် အတွင်း အရက်သေစာသောက်စားမူးရစ်ကာ ဆိုက်ကားသမားတစ်ဦးအား မတရားမင်းမဲ့ စရိုက်ဆန်ဆန် ရိုက်နှက်ခဲ့ကြောင်း ကာယံကံရှင် နှင့် သက်သေများက ဆိုကြသည်။ အဆိုပါကိစ္စနဲ့ ပတ်သက်၍
ကာယကံရှင် ဦးဇော်မျိုးနောင် (ခ)သီဟ (၁၄/ဟသတ(နိုင်)၂၉၆၆၄၁)အား မေးမြန်းကြည့်ရာ “ကျွန်တော် ဆိုက်ကားနှင်းလာတာ ၇ နှစ် ကျော်လာပါပြီး။ ဒီလိုပဲ ကျွန်တော်တို့ ဂိတ်မှာ အမြဲတမ်း တလှည့်စီ နှင်း လာတာပါ။ ဒီအဖြစ်မျိုးနဲ့လဲ တခါမှ မကြုံဘူးပါဘူး။အဲဒီ ညက သူတို့ရောက်လာတယ်။ ကျွန်တော်တို့ကလဲ အိပ်နေတယ်။ အားလုံးပေါင်း ကျွန်တော်တို့ ၁၀ စီးလောက်ရှိတယ်။ ခါတိုင်းက ကျွန်တော်တို့ မီးချောင်းအောက်မှာ ကျွန်တော်တို့ နေကြပါတယ်။ ဖြစ်ချင်တော့ ဒီရက်ကျမှပဲ မီးချောင်း ကကျွမ်းနေတယ်။ ကျွမ်းလို့ ကျွန်တော်တို့ အကြောင်းကြားထားတယ်။ မနေ့က ၂၇ ရက်နေ့ လာတပ်သွားပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ အိပ်တာ အလင်းအောက်မှာပဲ အိပ်တာပါ။ အမှောင်ထဲမှာ မအိပ်ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ မေးပါတယ်။ မင်းတို့ဆီမှာ အကြီးဆုံးကဘယ်သူလဲ။ ဂိတ်မှူးက ဘယ်သူလဲ။ အဲဒီအချိန်မှ ကျွန်တော်ကို တယောက်ကလာနိုးတယ်။ အဲဒါက ကျွန်တော် ကပြောပြတယ်။ ဆရာ ဂိတ်မှူးတော့ မရှိဘူး။ ဒီဂိတ်မှာ စည်းကမ်းထိန်းသိမ်းရေးကတော့ ကျွန်တော် လုပ်နေပါတယ်။ ကျွန်တော် ဘာများလုပ်ပေးရမလဲလို့ ကျွန်တော်မေးပါတယ်။ မင်းက ဂိတ်မှူးလုပ်ရအောင် မင်းကို ဘယ်သူက ခန့်ထားလဲ ၊ ဆရာရယ် ကျွန်တော်တို့ က ၁၄ ၊ ၁၅ ယောက် ဆိုက်ကားလေးတွေကို တယောက်နဲ့ တယောက် စည်းစည်းလုံးလုံးလေးဖြစ်အောင် ဖွဲ့ပြီးတော့ ဒီလူတွေကနေ ကျွန်တော်ကို ရွေးထားတာပါ။ ရပ်ကွက်ကနေကျွန်တော်ကိုရွေးထားတာမဟုတ်ပါဘူး။ စည်ပင်သာယာအုပ်ချုပ်ရေးမှူးကလဲ ကျွန်တော်တော့ကိုခန့်ထားတာမဟုတ်ပါဘူး။ ခရီးသည် ဆွဲတဲ့နေရာမှာ အဆင်ပြေအောင် ကျွန်တော် ကိုခန့်ထားတာပါ။အဲဒါဆို မင်း ဧည့်စာရင်း ရှိလား ၊ သန်းခေါင်စာရင်းရှိလား ။ ဆရာရယ် ဧည့်စာရင်းတို့ ၊ သန်းခေါင်စာရင်းတို့ဆိုတာ အိမ်မှာပဲရှိတာပါဆရာရယ်။ နင်းလိုင်စင်ရောရှိလား။ နင်းလိုင်စင်ကို ကျွန်တော် ထုတ်ပြတယ်။ သူတို့က တော်တော်လေးမူးနေတယ်။ လိုင်စင် နံပတ်က ကျွန်တော်ကိုမထင်ဘူးပြောလိုက် ကျွန်တော်က လိုင်စင်နံပတ်က ဒီမှာပါလို့ လက်ညိုးထိုပြပြီးပြောလိုက်တဲ့အခါမှာ ကျွန်တော်ကို နားရင်ဖျက်ရိုက်လိုက်တယ်။မင်းက ဘာကောင်လဲ ။ နောက်တချက်ကျွန်တော့်ကို ဆက်ရိုက်တယ်။ နောက်တစ်ဦးက ကျွန်တော်ကို ခြေထောက်နဲ့ ကန်တယ်။ ကျန်တဲ့လူတွေက တယောက်မှ မပြောဘူး။ ကျွန်တော်ကိုမေးလို့ ကျွန်တော်က ပြောပြတာကို ကျွန်တော်ကိုလူမိုက်လားဆိုပြီးတော့ ပါးရိုက်တယ်။နောက်ထပ် ထပ်ပြီးတော့ မေးတယ်။ မင်းက ဘယ်ဇာတိကလဲကွ ၊ တောင်ဒဂုံဇာတိပါဆရာလို့ပြောလိုက်တယ်။ မင်းတောင်ဒဂုံလား ဆိုပြီးတော့ ထပ်ပြီးရိုက်တယ်။ ကျွန်တော် ဘ၀မှာ ဒီလိုတခါမှ အရိုက်မခံရဘူးဘူး။ ကျွန်တော် ၀မ်းလည်းနဲမိပါတယ် ´´ဟုငိုယိုကာပြောပြသည်။ နိုင်ငံတော်မှ ပေးအပ်ထားသော အာဏာအား အလွှဲသုံးစားပြုလုပ်၍ မင်းမဲ့စရိုက်ပုံစံရိုက်နှက်ခဲ့သော စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှာ တပ်ဖွဲ့ဝင် ၅ ဦးအား စုံစမ်းစစ်ဆေးပြီး ထိရောက်စွာအရေးယူပေး ပါရန် ပြည်ထောင်စုရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော်တိုင်းဒေသကြီး ပြည်ထောင်စု ဒုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး ၊ ပြည်ထောင်စုဝန်ကြီး ရဲချုပ်၊ ပြည်ထောင်စုသမ္မတ ဦးသိန်းစိန် ဌာနအသီးသီးအား အရေးယူးပေးပါရန်တိုင်ကြားထား ကြောင်း သိရှိရပါသည်။


H.N သတင်းအဖွဲ

No comments:

Post a Comment