Wednesday, September 19, 2012

မန္တလေးတွင် အမျိုးသမီးများ မြန်မာဝတ်စုံ ၀တ်ဆင်ရန် လှုပ်ရှားမှု ဆောင်ရွက်မည်

မန္တလေး၊ စက်တင်ဘာ ၁၉   မန္တလေးမြို့တော်ရှိ လူမှုရေး အသင်းအဖွဲ့များတွင်ပါဝင်သော အမျိုးသမီးများက တမာအရိပ် အမည်ဖြင့် အသင်းတစ်ခုကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် လူအင်အား ၃၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့သည် မန္တလေးမြို့ပေါ်တွင် စက်တင်ဘာလ ၂၃ ရက် ဥပုသ်နေ့မှ စတင်ကာ မြန်မာအမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုနှင့် အညီ ဝတ်ဆင်ကြရန် အပတ်စဉ် ဥပုသ် နေ့တိုင်း လှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို မန္တလေးမြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

No comments:

Post a Comment