မကွေးတိုင်းဒေသကြီး
မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ဆက်သွား ရဲစခန်းပိုင်
ရဲစခန်း အနောက်မြောက်ဘက် ၁၇ မိုင်ခန့် အကွာ
ယာကြီးတောအုပ်စုကွင်းပေါင်းကျေးရွာတွင်
လူသတ်မှုဖြစ် ပွားကြောင်း သတင်းရရှိခဲ့သည်။ဖြစ်စဉ်မှာ ၁၁.၉.၂၀၁၂ နေ့ ညနေ ၎
နာရီ ၃၀ မိနစ်အချိန်ခန့် က ဆက်သွားရဲစခန်းပိုင်
ယာကြီးတောအုပ်စု ကွင်းပေါင်းကျေးရွာတွင် ဓားခုတ်မှုဖြစ်ပွားနေေ ကြာင်း
သတင်းအရ ဆက်သွားရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းထွန်းအောင် ဦးစီးသော
ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ အရပ်သို့သွားရောက်စုံစမ်းစစ်ဆေးရာ
ယာကြီးတောအုပ်စုကွင်းပေါင်းကျေးရွာနေ ဦးအောင်ဝင်းသည် ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးဌေးအောင် ၊ ကျေးရွာလယ်သမားများ နှင့်အတူ ရွာတောင်ဘက်
ရှိကန်ကြီးကန်ဆည်ကျိုးပေါက်မည်ကို စိုးရိမ်သဖြင့် သွားရောက်ကြည့်ပြီး
နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ညီဖြစ်သူမောင် နိုင် နှင့် ဇနီးဖြစ်သူ
မသိန်းကြည်တို့ စကားများရန်ဖြစ်သံကြားရ၍ ဇနီးဖြစ်သူအား
အကျိုးအကြောင်းမေးမြန်းရာ မောင်နိုင်မှ သားဆဲ ၊ မယားဆဲ ဆဲဆိုသဖြင့်
စကားများခြင်းဖြစ်ကြောင်း ပြောပြပြီး ညီဖြစ်သူ မောင်နိုင်အား
ဆက်လက်မေးမြန်းရာ မောင်နိုင်မှ ဖရုံခင်းနွားဝင်စားကြောင်း နှင့်
အိမ်ဝိုင်းကို ရောင်းမည် ပြောသံကြားရ၍
စကားများခြင်းဖြစ်ကြောင်းပြောပြသိရပြီး အခြေအနေတင်းမာလာသဖြင့်
ကျေးရွာအုပ်ချုပ်ရေးမှူးဦးဌေးအောင်အား သွားရောက်ခ်ါပြီး ပြန်လာစဉ်
ဇနီးဖြစ်သူ မသိန်းကြည်မှာ နေအိမ်အ၀င်ပေါက် အောက်တွင် ၀ဲနားရွက်အောက် ၊
မေးစေ့ နောက်စေ့အထိ ၈ လက်မခန့် အနက ၁ လက်မခန့် ပြတ်ရှဒဏ်ရာ ၁
ချက်ရရှိပြီးသေဆုံးနေသည်ကိုတွေ့ရှိရသည်ဆို၏။ ယင်းဖြစ်စဉ် နှင့် ပတ်သက်၍
ဦးအောင်ဝင်းမှ ၎င်း၏ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်သူ၎င်း၏ ညီမောင်နိုင် ၄၂ နှစ်
(ဘ) ဦးထွန်းတင်ယာကြီးတောအုပ်စု ကွင်းပေါင်းကျေးရွာနေသူအား ဥပဒေ နှင့် အညီ
အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဆက်သွား ရဲစခန်း(ပ)၁၄၀/၂၀၁၂
ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားပြီး
အမှုစစ်ရဲအုပ်စခန်းမှူးထွန်းထွန်းအောင်မှ အခင်းဖြစ်နေရာအား
မြေပုံကြမ်းရေးဆွဲခြင်း ၊ ဓာတ်ပုံ မှတ်တမ်းရိုက်ကူးခြင်း ရဲလုပ်ငန်းများ
ကုန်စဉ်အောင် စုံစမ်းစစ်ဆေး ဆောင်ရွက်လျှက်ရှိပြီး ရဲလုပ်ငန်းပြီးပြတ်ပါက
အမှုအားခိုင်မာစွာတည်ဆောက်၍ သက်ဆိုင်ရာတရားရုံးသို့
အမြန်တရားစွဲတင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။
ဟင်္သာ(တောင်တွင်းကြီး)
From -HotNewsJournal
No comments:
Post a Comment