Monday, September 3, 2012

တရုတ်အစိုးရမှ နောင်တောင်းရှိ ဒုက္ခသည်စခန်းများအား မြန်မာပြည်တွင် ပြန်လည်ရွှေ့ပြောင်း နေထိုင်ရန် တွန်းအားပေးရသော အကြောင်းအရင်း

၂၀၁၁ ခုနှစ် ၊ ဇွန်လဆန်းမှစ၍ ကချင်ပြည်နယ်အတွင်း KIA နှင့် မြန်မာစစ်တပ်တို့အကြား အခြေအနေ တင်းမာမှုများရှိခဲ့ပြီး  နေရာအနှံ့အပြားမှာ တိုက်ပွဲများဖြစ်ပွားပြီး နီးစပ်ရာဒေသ ခံ ပြည်သူ လူထုများ စစ်ဘေး လွတ်ရာသို့ ရွှေ့ပြောင်းနေခဲ့ရပါတယ်။

တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို နယ်စပ်တစ်လျှောက်မှာရှိတဲ့ ရွာတွေကို စစ်ပွဲကြီးများ ဖြစ်လာ တော့ မယ့် သဏ္ဍန်ဖန်တီးကာ ရွာသူ/ရွာသားတွေ တစ်ဖက်နိုင်ငံအတွင်း ၀င်ရောက်စေခြင်းဖြင့် လည်းကောင်း ၊ တစ်ဖက်နိုင်ငံတွင် ယခင်ကတည်းက သွားရောက်နေထိုင် အလုပ်လုပ်ကိုင်နေသူများ ကိုပါ စုစည်းနေရာ ချထားပေးကာ ဒုက္ခသည်စခန်း အများအပြားရှိနေသယောင် Media  ဖြင့် သတင်း ထုတ်လွှင့် ၍ ပြည်ပအကူအညီများရရှိရန် ကြိုးပမ်းခဲ့ခြင်းကြောင့် NGO အဖွဲ့များသာမက တရုတ် နိုင်ငံကပါ လူသားခြင်း စာနာထောက်ထားမှုအရ ဂရုဏာသက်ကာ ထောက်ပံ့ပေးကမ်းခဲ့ကြပါတယ်။

ဒီလိုနဲ့ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေမှန်တွေနဲ့ လုပ်ကြံဖန်တီးမှုတွေကို ရိပ်မိသဘောပေါက်လာ ကြတဲ့အခါ တရုတ်အစိုးရမှ လုံချွမ်ခရိုင် ၊ နောင်တောင်းတိုက်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်း တွေက ဒုက္ခသည်အယောင်ဆောင်တွေကို တွန်းအားပေးကာ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် စေလွှတ်လျက်ရှိရာ ၂၀၁၂ခုနှစ် ၊ သြဂုတ်လ (၁၈)ရက်နေ့မှ ယနေ့အထိ အိမ်ထောင်စု (၁၀၀) ကျော်ခန့် ၊ လူဦးရေ ၆၀၀ ကျော် ခန့်တို့အား မန်ဝိန်းကြီးဘက်ကို ပြန်လည်ရောက်ရှိ နေထိုင်လျက် ရှိတယ်လို့ သတင်းရရှိ ပါတယ်။

No comments:

Post a Comment