Friday, September 14, 2012

၈၈မျိုးဆက်ကျောင်းသားများ ကချင်ပြည်နယ်သို့ရောက်ရှိ

ရန်ကုန် စက်တင်ဘာ(၁၄)
၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်၊ ဋ္ဌေးကြွယ်၊ ပြူံးချို၊ မာကီနှင့် သက်ဇော်တို့သည် စက်တင်ဘာလ၊(၁၅)ရက်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းတွင် ကျင်းပမည့် မြစ်ဆုံရေ ကာတာ စီမံကိန်း(၁)နှစ်ပြည့် သဘာဝပတ်ဝ န်း ကျင် ဆိုင်ရာ ဆွေးနွေးဟောပြောပွဲသို့ တက်ရောက်ကြရန် စက်တင်ဘာလ(၁၄)ရက် နံနက်ပိုင်းက လေကြောင်းခရီြး ဖင့် မြစ်ကြီးနားမြို့သို့ထွက်ခွာသွားကြရာ နံနက်(၀၉း၃၀)နာရီတွင်မြစ်ကြီးနားလေဆိပ်သို့ရာက်ရှိကြသည်။ ဆက်လက်၍ တည်းခို မည့်နဂါးနှစ်ကောင်ဟိုတယ်သို့ထွက်ခွာခဲ့ကြပြီးခေတ္တရပ်နားကာ နံနက်(၁၁း၀၀)နာရီတွင် မြစ်ဆုံသို့သွားရောက်ကြည့်ရှုလေ့လာကြသည်။ နေ့လည်စာကို အဆိုပါမြစ်ဆုံတွင်စားသုံးကြပြီး မြစ်ဆုံရှိ တန်ဖဲရွာ ရွာသူရွာသားများနှင့်တွေ့ဆုံခဲ့ကြကြောင်းသိရသည်။ ထိုသို့တွေ့ဆုံရာတွင်ကချင်ဒေသခံအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူများ၊ ရန်ကုန်မြို့မှ အတူတကွရောက်ရှိလာကြသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများလည်း ပါဝင်ကြောင်းသိရသည်။
From -TheStreetViewJournal

No comments:

Post a Comment