Monday, September 3, 2012

ယနေ့(စက်တင်ဘာ ၃ ရက်)တွင် အမျိုးသားလွှတ်တော်၌ ဆွေးနွေးမည့်အကြောင်းအရာများ

(၁) နိုင်ငံတော် အဆင့် စီမံကိန်းများနှင့် အစိုးရ ပရောဂျက်များတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ငန်း အပ်နှံ ဆောင်ရွက်ရာတွင် ကုမ္ပဏီ အစုအဖွဲ့ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကိုသာ အများပြည်သူ မသိရှိလိုက်ရဘဲ လုပ်ငန်းအပ်နှံမှု မရှိစေရေးနှင့် ပွင့်လင်း ထင်သာမှု ရှိစွာဖြင့် မျှတစွာ ယှဉ်ပြိုင် လျှောက်ထားခွင့် ပြုနိုင်ရေးအတွက် စိစစ်အရေးယူ ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း။ (၂) နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာခြင်းကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးက ဆွေးနွေးခြင်း။

(၃) ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့သော ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခြင်း။

(၄) အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို အမျိုးသားလွှတ်တော် သို့ ဖတ်ကြားတင်သွင်းခြင်း။

(၅) အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် နိုင်ငံ၏ အခြေခံ လူတန်းစား များအတွက် အဓိက လုပ်ငန်းခွင် ၀င်ရောက်ရာ အဓိက ၀င်ငွေ ရရှိရာ လုပ်ငန်းများ ဖြစ်နေ ပါသဖြင့် နိုင်ငံ တကာ ဈေးကွက်၏ လက်ဝါးကြီးအုပ် လွှမ်းမိုးခံရခြင်းမှ ကာကွယ်ပေးခြင်း ဈေးကွက်ဝေစု ရှာဖွေပေးခြင်း နည်းပညာနှင့် ငွေကြေး ကူညီပံ့ပိုးပေးခြင်း ဥပဒေဖြင့် အကာ အကွယ်ပေးခြင်း စသည့် အစီအစဉ်များကို ၂၀၁၅ခုနှစ် AFTA လုပ်ငန်းစဉ်များ စတင် သက်ဝင်ခြင်း မရှိသေးမီ အထူးတလည် ကူညီဆောင်ရွက်ပေးပါရန် အဆိုအား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးခြင်း။

(၆) အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ကော်မတီများ ပြင်ဆင်ဖွဲ့စည်းခြင်း အတွက် ပြင်ဆင်ဖွဲ့စည်းသည့်အတွက် ကော်မတီများတွင် ပါဝင်သည့် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းကို အမျိုးသား လွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း။

No comments:

Post a Comment